မော်လမြိုင် ၊ ဇန်နဝါရီ (၄)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုခြင်းအတွက် ထောက်ခံပေးခဲ့ပါသည်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ်အတည်ပြုခြင်းကို ထောက်ခံပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ တင်သွင်းမှုနဲ့ဖြန့်ဖြူးမှုကို လျင်မြန်စွာအတည်ပြုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ကတော့ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို အမေရိကန်-ဂျာမန် ကာကွယ်ဆေးဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၈) ရက်နေ့တွင် အမေရိကန်၊ ကနေဒါနှင့် အီးယူနိုင်ငံများနှင့်အတူ စတင်ခဲ့တာဖြစ်ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေးသည် လွန်ခဲ့သောတစ်နှစ်က တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို စတင်တွေ့ရှိကတည်းက ပထမဆုံးအကြိမ် အရေးပေါ်အတည်ပြုခြင်းကို ရရှိခဲ့တာ ဖြစ်ပါတယ်။

“ဒီဟာ Covid-19 ကာကွယ်ဆေးတွေကို တစ်ကမ္ဘာလုံး အနေနဲ့ လက်လှမ်းမီတာ သေချာစေဖို့အတွက် အလွန်အပြုသဘောဆောင်တဲ့ခြေလှမ်းပဲ” ဟု WHO မှ ထိပ်ပိုင်းတာဝန်ရှိသူတစ် ဦးဖြစ်တဲ့ လက်ထောက်ဒါရိုက်တာ မာရီရမ်ဂျယ်လာစီမာအို က ကာကွယ်ဆေး ရရှိမှု သေချာသည့် အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့်နေရာတိုင်းမှာ ဦးစားပေးလူဦးရေအတွက် ကာကွယ်ဆေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကာကွယ်ဆေးဖြည့်တင်းမှု ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုကို ပိုအလေးပေးချင်တယ်” လို့ သူမက ကြေငြာချက်တွင် ဖော်ပြထားသည်။

ကာကွယ်ဆေး တင်သွင်းမှုနှင့် ဖြန့်ဖြူးမှုကို နိုင်ငံအသီးသီးမှ စည်းမျဉ်းစည်းကမ်းများ အတည်ပြုနိုင်ရန်အတွက် အရေးပေါ်အသုံးပြုမှုစာရင်းကို လမ်းဖွင့်ပေးတာဖြစ်တယ်လို့ WHO ကပြောကြားခဲ့ပါတယ်။

Covid ဆန့်ကျင်ရေးကာကွယ်ဆေးများဖြန့်ဝေရာတွင် အဓိကထောက်ပံ့ရေး ကဏ္ဍမှပါဝင်တဲ့ ယူနီဆက်ဖ်နှင့်ပန် – အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းတို့က ၎င်းတို့ထံတွင်လည်း လိုအပ်သည့်နိုင်ငံတွေအတွက် ကာကွယ်ဆေးများ ရယူရန်လည်း ပြောကြားခဲ့ပါတယ်။

WHO သည် ၎င်းတို့ထံမှ ကျွမ်းကျင်သူများနှင့် ကမ္ဘာတဝှမ်းရှိ ကျွမ်းကျင်ပညာရှင်များနှင့် Pfizer -BioNTech ကာကွယ်ဆေး၏ အန္တရာယ်ကင်းရှင်းရေး၊ ထိရောက်မှုနှင့် အရည်အသွေးဆိုင်ရာအချက်အလက်များကို ပြန်လည်ဆန်းစစ်ရန်နှင့် ဆိုကျိုးသက်ရောက်မှုများမှ အကျိုးကျေးဇူးများကို စစ်ဆေးရန် ခေါ်ယူမှုတွေ ရှိခဲ့ပါတယ်။

၎င်းကာကွယ်ဆေးဟာ WHO မှချမှတ်ထားတဲ့ လုံခြုံစိတ်ချရမှုနှင့် ထိရောက်မှုရှိရန် လိုအပ်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်းနှင့် ကာကွယ်ဆေးကိုအသုံးပြုခြင်း၏ အကျိုးကျေးဇူးများကလည်း ဖြစ်နိုင်ချေရှိသည့် အန္တရာယ်များကို ဖယ်ရှားပေးနိုင်ကြောင်းတွေ့ရှိခဲ့တယ်လို့ ထိုလေ့လာတဲ့အဖွဲ့က ပြောပါတယ်။

ဟံတလမွန်

REF – BANGKOK POST

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.