မော်လမြိုင်၊ ဒီဇင်ဘာ (၁၅)

စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား နှစ်ကြိမ်တိတိ နှောက်နှေးခဲ့တဲ့ မြန်နှုန်းမြင့်ရထားစီမံကိန်းကို အာဏာပိုင်များမှ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်မည့် အခြေအနေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆွေးနွေးနေမှာဖြစ်တယ်လို့ စင်ကာပူ ပို့ဆောင်ဆက်သွယ်ရေး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ မလေးရှားနိုင်ငံထုတ်သတင်းမီဒီယာတစ်ခုသို့ တနင်္ဂနွေနေ့ တုံ့ပြန်ချက်အရ မလေးရှား နိုင်ငံအနေဖြင့် ထိုစီမံကိန်းကို စင်ကာပူနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမပါပဲ ဆက်လက် အကောင်အထည်ဖော်လိုပြီး ကွာလာလမ်ပူမြို့ (သို့မဟုတ်) အရှေ့ ဂျူရွန်မဟုတ်ပဲ ဂျိုဟောမှာ စတင်မယ့် ရထားလမ်းကို အပြီးသတ်အကောင် အထည်ဖော်ခြင်းဖြစ်တယ်လို့လည်း  ဖော်ပြပါရှိပါတယ်။ 

ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာကို မေးမြန်းရာတွင် စင်ကာပူပို့ဆောင်ဆက်သွယ်ရေး ပြောရေးဆို ခွင့်ရှိသူက နှစ်နိုင်ငံစလုံး ပြောဆိုဆွေးနွေးနေကြဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

“စင်ကာပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က ကွာလာလမ်ပူ-စင်ကာပူကို ဆက်သွယ်ဖောက်လုပ်မယ့် မြန်နှုန်းမြင့်ရထား လမ်းစီမံကိန်းကို High Speed Rail (HSR) Project ဆွေးနွေးနေကြဆဲဖြစ်တယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

“နှစ်ဖက် ဝန်ကြီးများအကြား ဒီဇင်ဘာလ ၂ ရက်နေ့ ပူးပေါင်းထုတ်ပြန်ချက်အတိုင်းပါပဲ။ ကျွန်တော်တို့တွေ HSR စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အချိန်ကျရင် ထုတ်ပြန်သွားမှာပါ”လို့ ထို ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့တာပါ။

Malaysian Insight သတင်းစာပါ အစီခံတင်ပြမှုတစ်ခုမှာ မလေးရှားအစိုးရ အနေဖြင့် စီမံကိန်းကို ကိုယ့်အစီအစဥ်နဲ့ ကိုယ် အကောင်အထည်ဖော်လိုတာကြောင့် စင်ကာပူအစိုးရကို နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀၅ မီလီယမ်ထက်  နည်းတဲ့ ပမာဏကို ပေးသွားမှာပါလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောဆိုထားတယ်လို့ ပါရှိ ပါတယ်။

“မလေးရှာက စင်ကာပူကို နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀၄.၆၇ မီလီယမ်ကို ပေးအပ်ရမှာဖြစ်ပါတယ်။ အဲ့ဒါကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အပြီးသတ်ပေးချေရမှာဖြစ်ပါတယ်”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောဆိုထား တာပါ။

Free Malaysia Today ရဲ့ ရေးသားဖော်ပြချက်အရ စုစုပေါင်းပမာဏထက် ဒေါ်လာသန်း ၅၀ ထက်နည်းနေပြီး စင်ကာပူနိုင်ငံအနေဖြင့် အဆိုပါ အပေးအယူကို ဈေးနှုန်း လျှော့ချပေးနိုင်ဖို့ နည်းလမ်းရှာဖွေမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ မှတ်ချက်တစ်စုံတစ်ရာ ပေးနိုင်ဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။

TMI သတင်းဌာနရဲ့ ရေးသားချက်အရ မလေးရှား Cabinet က စင်ကာပူနိုင်ငံနှင့်လက်တွဲပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မှာမဟုတ်ဘူးလို့ ပါရှိပါတယ်။ မလေးရှားနိုင်ငံအနေဖြင့် HSR စီမံကိန်းကို ကိုယ်တိုင်ကိုယ်ကျ အကောင်အထည်ဖော်လုပ်ကိုင်မည်ဆိုပါက ရထားစင်းများ ဝယ်ယူခြင်းမပါပဲ ကျသင့်ငွေမှာ RM 65 ဘီလီယမ် (အမေရိကန် ဒေါ်လာ ၂၁.၄ ဘီလီယမ်) အထိ ရှိနိုင်တယ်လို့ အမည်မဖော်လိုသူသတင်းရင်းမြစ်က TMI သို့ ပြောကြားခဲ့ပါတယ်။

TMI ရဲ့ သတင်းအစီအရင်ခံမှုအရ မလေးရှားအစိုးရအနေဖြင့် HSR ဘူတာကို ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် တွင် ထားရှိလိုခြင်းဖြစ်ကာ ၎င်းတင်ပြချက်ကို စင်ကာပူက ပယ်ချခဲ့ဖူးပြီး အဆိုပါ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ထိုတင်ပြချက်ဟာ လေကြောင်းကဏ္ဍအတွက် ထိခိုက်မှုဖြစ်နိုင်တယ်လို့ မလေးဘက်က လေ့လာခဲ့ပြီးဖြစ်လို့ ပြောဆိုထားပါတယ်။

HSR စီမံကိန်းကို ၂၀၁၀ ခုနှစ်မှာ ကြေငြာခဲ့ပြီး စင်ကာပူနှင့် ကွာလာလမ်ပူမြို့အကြား ကားဖြင့် လေးနာရီကြာမြင့် မယ့် ခရီးကို ရထားဖြင့် မိနစ် ၉၀ သာကြာမြင့်မယ့် အချိန်ကိုသက်သာစေတဲ့ ခရီးအဖြစ် ဆောင်ရွက်ဖို့ရန် ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးမှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ဆောင်ရွက်ခဲ့ကြပြီး ရထားများ စတင်ပြေးဆွဲနိုင်မယ့်အချိန်ရဲ့ မူလဦးတည်ချက် ၂၀၂၆ ဒီဇင်ဘာ ၃၁ ရက် ဖြစ်ပါတယ်။ ယခုတဖန် ဆုံးဖြတ်ထားတဲ့ ဦးတည်ချက်အသစ်အရတော့ အဆုံးသတ်ရက်က ၂၀၂၉ အထိ ကြာမြင့်မှာဖြစ်ပါတယ်။ 

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.