မော်လမြိုင် ၊ နိုဝင်ဘာ (၂၇)

တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးသမီးနှင့်ကလေး အကာကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားနေတာပါ။

ဒါကြောင့် အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းကနေတစ်ဆင့် အမျိုးသမီးနှင့်ကလေး အကာအကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။

“အချု့ဥပဒေတွေမှာ အမျိုးသမီးတွေကို ဖိနှိပ်ထားတာရှိတယ်။ အာ့တာတွေကို အကောင်အထည်ဖော်ပေးဖို့လိုမယ်။အချို့ကဏ္ဍတွေမှာ အမျိုးသမီးတွေနဲ့ ပူးပေါင်းလုပ်တယ် အမျိုးသမီးတွေကို ဦးစားပေးတယ်လို့ ထင်ရပေမယ့် အချို့ကိစ္စတွေက ဦးစားမပေးနေဘူး”လို့ မေတ္တာဆုံစည်းအရပ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ပြောပါတယ်။

ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှုတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးနဲ့ကလေးတွေကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“အိမ်တွင်းအကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးနဲ့ကလေးတိုင်းကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရမယ်။ အစိုးရဆေးရုံတိုင်းမှာ ဒါတွေကို ဖြစ်ခဲ့သည်ရှိရင် တုံ့ပြန်မှုပေးနိုင်အောင် ကျေးရွာတွေမှာလည်း ကျန်းမာရေးဌာနတွေ ရှိတယ်ဆိုတော့ ကုသပေးရမယ် ဝန်ဆောင်မှုပေးရမယ် ဆိုတဲ့ အခန်းကဏ္ဍက ရှိမနေသေးဘူး။အာ့တာကို သေသေချာချာ စနစ်တကျထားပေးမယ်လို့ မျှော်လင့်တယ်”လို့ မွန်အမျိုးသမီး ညှိနှိုူင်းရေးမှူး မိချယ်ရီစိုးက ပြောပါတယ်။

တတိယအကြိမ် လွှတ်တော်အတွက် မွန်ပြည်နယ် မဲဆန္ဒနယ်မှာ NLD က အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁၀) ဦးနဲ့ မွန်ညီညွတ်ရေးပါတီက အမျိုးသမီး ကိုယ်စားလှယ်လောင်း (၁) ဦး တို့ အနိုင်ရခဲ့ပြီး အမျိုးသမီး ပါဝင်မှုဟာ (၂၇) ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.