ဓာတ်ပုံ - မွန်ပြည်နယ်ရဲတပ်ဖွဲ့

မော်လမြိုင်၊ နိုဝင်ဘာ (၁၉)

မွန်ပြည်နယ်အတွင်းက ညမထွက်ရအမိန့် မလိုက်နာသူ (၁၀၀) နီးပါးကို သက်ဆိုင်ရာ မြို့နယ်တွေမှာ အရေးယူဆောင်ရွက်ထားပါတယ်။

 မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့ကို  စက်တင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာလကုန်ပိုင်းအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာပါ။

အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက်မှာ ညမထွက်ရအမိန့်လိုက်နာမှုမရှိတဲ့ ဘီးလင်းမြို့နယ်မှ ၂ ဦး၊ မော်လမြိုင်မြို့နယ်မှ ၉၃ ဦးတို့ကို သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတွေလည်းပါတယ်၊ တစ်ယောက်လောက်ပဲရှိမယ်၊ အမျိုးသားတွေပဲများပါတယ်။ကလေးသူတွေလည်းပါတယ်၊ သူတို့ကိုကျတော့ ကြီးကြပ်သူတွေစောင့်ရှောက်ဖို့ ကလေးသူငယ်တရားရုံကနေ အမိန့်ချမှတ်ထားပါတယ်။ လက်ရှိအချိန်ထိတော့ (၉၃)ယောက်ကို အရေးယူပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာပြစ်မှု ဥပဒေပုဒ်မအရ တားမြစ်အမိန့်မလိုက်နာမှုနဲ့ အလုပ်မဲ့ ထောင်ဒဏ်တစ်လနဲ့ အရေးယူအမိန့်ချထားတယ်”လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

အခုလို ညမထွက်ရအမိန့်တွေကို လိုက်နာမှုရှိမရှိ စစ်ဆေးတဲ့အခါမှာ  မြို့နယ်အတွင်းက ခိုးဆိုးလုနှိုက်ကိစ္စတွေကိုလည်း ကာကွယ်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

“ညမထွက်ရအမိန့်က ည၁၂ နာရီကနေ မနက် ၄ နာရီအထိဆိုတော့ တော်တော်ကို ဒီကာလက ထွက်ရန်မလိုတဲ့အချိန်တွေပေါ့၊ အရေးပေါ်ကိစ္စမှတပါးပေါ့၊ ဒီချိန်တွေမှာ ဒါမျိုးတွေ လုပ်လိုက်ခြင်းအားဖြင့် တစ်ဖက်မှာလည်း ခိုးဆိုးလုနှိုက်တွေကိုလည်း တော်တော်လေးကို ထိန်းချုပ်နိုင်ခဲ့တဲ့ အခြေအနေဖြစ်ပါတယ်”လို့ ဦးဝေလင်းထွန်းက ဆိုပါတယ်။

လတ်တလောမှာ မွန်ပြည်နယ်အတွင်းမှာ အနံ့မလို့စစ်ဆေးရာကနေ ကိုဗစ်ပိုးတွေ့ရှိသူတွေများလာအတွက် မြို့နယ်တချို့တွေမှာ ကိုဗစ်အသိပညာပေးကမ်ပိန်းတွေနဲ့ mask တွေကို အခမဲ့ဖြန့်ဝေပေးနေတာမျိုးတွေဆောင်ရွက်နေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၁၈ ရက်ည ထုတ်ပြန်ချက်အထိ စာရင်းတွေအရဆိုရင် မွန်ပြည်နယ်မှာ ပိုးတွေ့လူနာ ၉၁၆ ဦးအထိရှိလာပြီး အဲဒီထဲက သက်သာလာလို့ဆေးရုံက ဆင်းခွင့်ရရှိသူကတော့ (၇၀၀) ကျော်ပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.