မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)

အနံ့မရသူတွေ နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားဖို့ မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ယခုရက်ပိုင်းအတွင် မွန်ပြည်နယ်မှာ အနံ့မရသူတွေကို စစ်ဆေးရာမှတစ်ဆင့် covid-19 ပိုးတွေ့လူနာတွေကို ဆက်တိုက်တွေ့ရှိလာတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အနံ့မရသူတွေက ကျန်းမာရေးဌာနကို အမြန်ဆုံး အကြောင်းကြားပြီး စစ်ဆေးမှု ခံယူဖို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

အင်တာဗျူး – ()

“ ဒီအနံ့မရတာကတော့ ဖြစ်မှာပဲလေ၊ ဒါက ရန်ကုန်တိုင်းပြီးလို့ရှိရင် တဖြည်းဖြည်းတခြားနေရာတွေကို ရောက်လာမယ်ဆိုတာ ရောဂါပိုးက တစ်နေရာထဲမှာ နေထာမဟုတ်ဘူး၊ အမတို့က ဒါကို မှန်းထားပြီးသားပါပဲ၊ တဖြည်းဖြည်းနဲ့ ဆက်စပ်လူနာတွေမှာလဲ အနံ့ပျောက်တဲ့လူနာတွေ များလာမယ်၊ စစ်ရင် ပိုးတွေ့နိုင်မယ်ဆိုတာကတော့ မျှော်လင့်ထားပြီးသားပေါ့၊ ပုံမှန်ကတော့ အနံ့ပျောက်မယ်ဆိုလို့ရှိရင် ကို့ရဲ့ သက်ဆိုင်ရာ အနီးစပ်ဆုံးပေါ့၊ ကျန်းမာရေးဌာနခွဲကို အကြောင်းကြားမယ်၊ မြို့ပေါ်သမားတွေကတော့ ဆေးရုံကို လက်လှမ်းမီရင် ဆေးရုံကို အကြောင်းကြားပေါ့၊ တစ်နည်းနည်းနဲ့ စစ်ပေးမယ် ပိုးတွေ့ရင် မော်လမြိုင်ဆေးရုံတတ်ရမယ်”လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ ဒေါက်တာဝတ်မှုံ က ပြောပါတယ်။

ရွေးကောက်ပွဲကာလအတွင်းမှာလည်း ဆန္ဒမဲလာပေးသူတွေထဲမှာ ပိုးတွေ့လူနာတွေကို တွေ့ရှိခဲ့တာကြောင့် မော်လမြိုင်ဆေးရုံကြီးမှာ ကုသနေပြီး ထိတွေ့ခဲ့သူတွေကိုတော့ quarantine မှာ စောင့်ကြည့်နေပါတယ်။

ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေအနေနဲ့ စစ်တောင်းဂိတ်မှာ covid-19 ရှိမရှိ တစ်ကြိမ် စစ်ဆေးရာမှာဖြစ်ပြီး ပိုးမတွေ့ပါက သက်ဆိုင်ရာမြို့နယ်တွေမှာ quarantine နှစ်ပတ် နေထိုင်ရမယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းအထိ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ(၈၀၀)ကျော်ရှိပြီး ဒီထဲကမှ သက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရရှိသူက( ၆၇၀)ဦးကျော်ရှိပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.