မော်လမြိုင် ၊ နိုဝင်ဘာ (၅)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ မဲဆန္ဒရှင်တွေအားလုံး မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ရွေးကောက်ပွဲနေ့အတွက် မဲပေးချိန်ကိုတော့ မနက်(၆)နာရီကနေ ညနေ (၄)နာရီအထိ ကော်မရှင်က သတ်မှတ်ထားပါတယ်။

ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ မဲပေးရမှာဖြစ်လို့ သတ်မှတ်ချိန်အတွင်းမှာ မဲဆန္ဒရှင်တွေအားလုံး မဲမပေးနိုင်မှာကို ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။

ကော်မရှင်ကတော့ ကိုဗစ်-၁၉ ကြောင့် မဲပေးတဲ့နေရာမှာ အချိန်ကြန့်ကြာမှုမဖြစ်အောင် မဲရုံဝန်ထမ်း ၆၀၀၀ ကျော် တိုးထားပြီး အဆိုင်းခွဲပြီး မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။

“ညနေ ၄ နာရီဖြစ်သော်ငြားလဲ မဲရုံပရဝန်ထဲမှာ ရှိနေတယ်ဆိုရင် မဲရုံမှူးက စာရင်းကောက်ပြီးတော့ အဲလူတွေ ပြီးဆုံးတဲ့အထိ မဲထည့်ခွင့် နိုင်ငံသားဥပဒေအရ အခွင့်အရေးရနေတာဖြစ်ပါတယ် နောက်တစ်ပိုင်းက မဲရုံအဆိုင်းတွေ လူအင်အား ၆၀၀၀ တိုးလိုက်တယ်ဆိုတာ အဆိုင်းတွေပါ ဆိုလိုတာက မဲစာရင်းအမှတ်စဥ◌် ၁ ကနေ ၇၀၀ အထိဆိုရင် ဒီဘက်ကတစ်ဆိုင်း ၇၀၁ ကနေ ဟိုဘက်တစ်ဆိုင်း အဆိုင်းတွေခွဲလိုက်တော့ မဲရုံဝန်ထမ်းတွေ တိုးသွားတယ် တိုးပြီးတော့ ဆောင်ရွက်တာ လူတန်းစနစ်က တစ်တန်းတည်းမဟုတ်ဘူး ဒီဘက်က ၁ တန်း ၂ တန်း ၃ တန်း ၄ တန်း ၅ တန်း စသည်အားဖြင့်ရှိသွားမယ် အဆိုင်းပေါမူတည်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ဒါ့အပြင် မဲရုံပရဝုဏ်ကိုလည်း တိုးချဲ့ထားပြီး ညနေ (၄)နာရီမတိုင်ခင် မဲရုံဧရိယာအတွင်းမှာ ရောက်နေသူအားလုံး ဆက်လက် မဲပေးနိုင်အောင်လည်း စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲနေ့ မဲလာပေးသူတွေကိုတော့ N-95 mask တွေ အခမဲ့ပေးဝေသွားမှာဖြစ်ပြီး အခြားလိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော်ရှိပြီး (၄) သိန်းကျော်ကတော့ အသက်(၆၀)အထက် ကြိုတင်မဲတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.