မဲရုံကိုယ်စားလှယ်(၇၀၀)ကျော်နဲ့ ရွေးကောက်ပွဲနေ့ကို မွန်ပါတီ စောင့်ကြည့်မည်
မော်လမြိုင် ၊ အောက်တိုဘာ (၂၆) မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ် (၇၀၀) ကျော် ထားရှိပြီး ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲရုံတစ်ရုံမှာ မဲရုံကိုယ်စားလှယ်တစ်ဦးနဲ့ အကူကိုယ်စားလှယ်တစ်ဦး ထားရှိပြီး ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်ခွင့် ရှိပါတယ်။ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ်(၇၀၀)ကျော် ထားရှိသွားမှာဖြစ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ သင်တန်းတွေကို ပို့ချထားပေးတယ်လို့ ဆိုပါတယ်။…