မွန်ပြည်နယ်တွင်လင်းယုန်စီမံချက်စတင်သည့်ပထမနေ့တွင်စည်းကမ်းပျက်မော်တော်ယာဉ်(၄၄၁)စီးဖမ်းဆီးအရေးယူထား

မော်လမြိုင်၊ ဇန်နဝါရီ ၁၆

မွန်ပြည်နယ်တွင် လင်းယုန်စီမံချက်စတင်သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်းကမ်းပျက် မော်တော်ဆိုင်ကယ် (၄၁၄) စီး ၊ ကား (၂၃)စီး နှင့် ဘေးတွဲ (၄)စီးကို ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့၏စာရင်းအရ သိရသည်။

“ စီမံချက်ကာလက၂ရက်ပဲရှိသေးတယ် လင်းယုန်ကအခုမှ ဥကနေပေါက်ပြီးထွက်လာစပဲရှိသေးတယ် ပျံလို့ရတဲ့အနေအထားရောက်ရင်ပျံမယ် သုတ်နိုင်တဲ့အနေအထားရောက်ရင် သုတ်သွားမယ် လင်းယုန်ဆိုတဲ့သဘောတရားအတိုင်း ဖြေးဖြေးချင်းပဲ သွားမယ်”ဟု လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

လင်းယုန်စီမံချက်ကာလ ပထမနေ့တွင် မြို့နယ်အလိုက်စည်းကမ်းပျက် မော်တော်ယာဉ်ဖမ်းဆီးအရေးယူထားမှုမှာ မော်လမြိုင်တွင် ကား (၄)စီး ၊ ဆိုင်ကယ် (၁၂၅)စီး ၊ ချောင်းဆုံတွင် ဆိုင်ကယ် (၇)စီး ၊ ကျိုက်မရောတွင် ကား (၁)စီး ၊ ဆိုင်ကယ် (၅)စီး ၊ မုဒုံတွင် ဆိုင်ကယ် (၂၂)စီး ၊ သံဖြူဇရပ်တွင် ဆိုင်ကယ် (၁၇)စီး ၊ ရေးတွင် ဆိုင်ကယ် (၄၇)စီး ၊ ကျိုက်ထိုတွင် ဆိုင်ကယ် (၅၆)စီး ၊ဘီးလင်းတွင် ဆိုင်ကယ် (၃၈)စီး၊သထုံတွင် ကား (၁၂)စီး၊ ဆိုင်ကယ် (၇၁)စီး ၊ဘေးတွဲ (၄)စီး ၊ ပေါင်တွင် ကား(၆)စီး ၊ ဆိုင်ကယ် (၂၆)စီး စုစုပေါင်း (၄၄၁)စီးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.