မွန်အမျိုးသားကျောင်းများ ရန်ပုံငွေအတွက် မိမိရဲ့ပန်းချီများခင်းကျင်းပြသသူ မိအဲမဏိအိန်
++++++++++++++++++++++++++++++++++++++++++
အသက်(၁၃)နှစ်သာရှိတဲ့ ပန်းချီပညာကိုတစ်စိုက်စိုက်မတ်မတ်လေ့လာနေပြီး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေကို ပြပွဲတွေမှာပါ ပြသခွင့်ရနေတဲ့ မွန်တိုင်းရင်းသူ မိအဲမဏိအိန်နှင့် သံလွင်တိုင်မ်းတို့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်အမျိုးသားပညာရေးအထောက်အကူပြု ရန်ပုံငွေရရှိရန် မွန်အမျိုးသားပညာရေးကော်မတီမှ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် ပန်းချီးပြပွဲတွင်လည်း မိအဲမဏိအိန်ရဲ့ ပန်းချီကားချပ်တွေပါ ခင်းကျင်းပြသထားတာပါ။
အဆိုပါပန်းချီပြပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ၁၁.၁.၁၉ မှ ၁၃.၁.၁၉ အထိ သုံးရက်တာ ခင်းကျင်းပြသသွားမှာလည်း ဖြစ်ပါတယ်။
ပန်းချီပြပွဲမှ ပန်းချီကားချပ်များ ရောင်းရငွေ၏ ၃၀% နှင့် ၈၀% တို့ိကိုလည်း မွန်ပညာရေးကော်မတီ၏ ပညာရေးရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဟုလည်း သိရသည်။
တင်ဆက် – နောင်ခန့်