မော်လမြိုင်၊ ဇန်နဝါရီ ၉

မော်လမြိုင်မြို့၊ ကွင်းရပ်ကျောက်မီးသွေးရုံလမ်းတွင် ဖွင့်လှစ်ထားသည့် ဆံသဆိုင်တွင်လာရောက်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင်နေထိုင်သူ အသက်(၃၀)နှစ်အရွယ် အမျိုးသားကို ဆိုင်ပိုင်ရှင်မှ အလိုမတူပဲ အဓမ္မပြုကျင့်သဖြင့် မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါဆံသဆိုင်မှာ ဆံသခြင်းအပြင် အမျိုးသားများကို နှိပ်နယ်ပေးသည့် မာဆပ်၊ ဆီးလူးမာဆပ်များပါ တွဲဖက်ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ နစ်နာသူ အသက်(၃၀)နှစ်အရွယ် အမျိုးသားက ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည်ဟု တိုင်ကြားခံထားရသူဆိုင်ရှင်ကို ဖမ်းဆီးထားပြီးစစ်ဆေးနေကြောင်း၊ တိုင်ကြားသူနှင့်ကျူးလွန်သူကို မော်လမြိုင်ဆေးရုံကြီးတွင် ဆေးစစ်ခြင်းများဆောင်ရွက်နေကြောင်း မုပွန်နယ်မြေရဲစန်းမှ ဒုရဲမှူးသန့်ဇင်က ပြောသည်။

အဆိုပါဆံသဆိုင်ပိုင်ရှင်ကို မုပွန်နယ်မြေရဲစခန်းမှ (ပ)၁၇/ ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၂၃ ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ရိုက်ကူး – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.