October 18, 2018

ရိုးရာဂီတပြန်လည် ဆန်းသစ်လာမလား

ပြောင်းလဲတိုးတက်မှုမြန်ဆန်လာတာနဲ့အတူ မျိုးဆက်သစ်တို့ရဲ့ ဂီတအပေါ် အာရုံတိမ်းညွှတ်မှုကလဲ ပြောင်းလဲလာခဲ့ပါတယ်။ ခေတ်ပေါ်ဂီတနဲ့တူရိယာတွေအပေါ်မှာ အာရုံကြမှုပိုများလာတဲ့အတွက် ရိုးရာဂီတ၊ ရိုးရာတူရိယာတွေကို လေ့လာသင်ယူတီးခတ်မှုဟာ တဖြေးဖြေး ယုတ်လျော့အားနည်းလာခဲ့ပါတယ်။ မွန်ရိုးရာဂီတနဲ့ အတီးအမှုတ်ပညာရပ်ကို ဆက်လက် လက်ဆင့်ကမ်းနိုင်ဖို့အတွက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီကဦးစီးပြီး မော်လမြိုင်မြို့ကမွန်ဓမ္မာရုံမှာ ၁၄ ရက် ရက်တိုသင်တန်းတစ်ခုကို ပြုလုပ်သင်ကြားပို့ချပေးနေတာကို တင်ဆက်လိုက်ပါတယ်။