မော်လမြိုင်၊ ဇွန် ၁၂

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ့ါဝင်သော ငြိမ်းချမ်းရေးသို့ လူထုအသံ “ငြိမ်းချမ်းရေး လူထု စကားဝိုင်း´´ ဟောပြော ဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ဓမ္မာရုံတွင် ဇွန်လ(၁၇) ရက်နေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်နေသူများထံမှ သိရသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ (ဒုတိယ ဥက္ကဌ) နိုင်ဟံသာနှင့်အတူ မင်းကျော်ဇေယျာဦး – မွန်အမျိုးသားပါတီ (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဖြစ်မြောက်ရေး ပူတွဲကော်မတီ (UPDJC) အတွင်းရေးမှုးအဖွဲ့ဝင်)၊ ဦးဌေးသိန်း (ခ) နောင်ကျော် – စာရေးဆရာ (နိုင်ငံရေး လေ့လာသုံးသပ်သူ)၊ ဦးရဲမျိုးဟိန်း – တကောင်း နိုင်ငံရေး လေ့လာမှုအရပ်ဘက် အဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဦးမင်းအောင်ထူး (ညှိနှိုင်းရေးမှူး) မွန်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်မှ ပံပိုးသူအဖြစ်(Moderator)ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.