ဂွေးသီးနှင့် ငါးလင်ပန်း

ငါးလင်ပန်းကိုအချွဲများ ကုန်အောင်ခြစ်ပါ၊ ပြီးလျှင်အနေတော်အတုံးတုံးပါ၊ ကြက်သွန်နီ၊ ဖြူ ငရုပ်ကောင်း ရောထောင်းပါ။ ဂွေးသီးကိုထက်ခြမ်းခွဲပါ။ တုံးထားသောငါးလင်ပန်းထက်ခြမ်းခွဲထားသော ဂွေးသီးကို ဆားဆနွင်းမျှင်ငပိတို့နှင့် နယ်ပါ၊ ထို့နောက် မီးဖိုပေါ်တွင်အိုးထဲကို ဆီထဲ့ပြီး ဆီပူလျှင်ထောင်းထားသော ငရုပ် ကြက်သွန်များကို ဆီသတ်ပါပြီးလျှင် လုံးနယ်ထားသော ငါးလင်ပန်းနှင့် ဂွေးသီးကိုထည့်ပါ။ ရေကိုခပ်စပ်စပ် ထည့်ပီးချက်ပါ။ ရေခမ်းလျှင် ရေထပ်ထည့်ပြီး ငါးလင်ပန်းနူးသည့် အထိချက်ပါ။ ငါးလင်ပန်းသည် အခြားငါးနှင့် မတူသဖြင့် အသားမာသောကြောင့် နူးသည့်အထိ ချက်ရမည်ဖြစ်သည်။ ငါးလင်ပန်းနူးပြီး ဆီပြန်လျှင် အပေါ့ အငန်မြည်းပြီး ရှမ်းနံနံ(သို့)တံငါငရုပ်ရွက်အုပ်သုံးဆောင်နိုင်ပါပြီ။

ပါဝင်သောအမျိုးအစားများ

၁။ ငါးလင်ပန်းတကောင်

၂။ ဂွေးသီးငါးလုံး

၃။ ငရုပ်ကောင်း

၄။ ကြက်သွန်နီ၊ ဖြူ

၅။ ဆား၊ ဆနွင်း

၆။ ငရုပ်သီးမူန့်

၇။ မျှင်ငပိ

၈။ ဆီ

၉။ ရှမ်းနံနံ (သို့) တံငါငရုပ်ရွက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.