သံလွင်တိုင်းမ်ရိုးရာဟင်း

သံလွင်တိုင်းမ်ရိုးရာဟင်း

သံလွင်တိုင်းမ်ရိုးရာဟင်း

တောဝက်သားချဉ်ပတ်ချက်
ယခုတစ်ပတ်အတွက် မိတ်ဆက်ပေးချင်တဲ့ ဟင်းလျာကတော့ ရာသီဥတုနဲ့ လိုက်လျောညီထွေ ပြီး ချဉ်ချဉ်စပ်စပ်စားချင်သူများ စိတ်ကြိုက်တွေ့စေမယ့် တောဝက်သားချဉ်ပတ်ချက်ကို မိတ်ဆက်ပေး လိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်
===========
တောဝက်သားချဉ်ပတ်ကို ရေအနည်းငယ်ဆေးပြီး ရေစစ်ထားပါ။ ရှမ်းနံနံနှင့် ရှောက်နူရွက်ကလွဲပြီး ကျန်ပစ္စည်းများရောနှောထောင်းလိုက်ပါ။ ဆီကိုအပူပေးပြီး ငပိနှင့်ထောင်းထားသော ဟင်းခတ်အမွှေးအကြိုင် များကို ဆီသတ်ပါ။ သတ်ထားသောဆီအိုးထဲ တောဝက်သားချဉ်ပတ်ကိုထည့်ပါ ရေအနည်းငယ်ထည့်ပါ။ ခဏမွှေပြီး ၅မိနစ်ခန့် အဖုန်းအုပ်ထားပါ။ ၅မိနစ်ပြည့်က ရေအနည်းငယ်ထပ်ထည့်ပါ။ ဟင်းပူလာပါက ရေတော်ချိန်ပြီး အပေါ့အငန်မြည့်ကြည့်ပြီး ရှမ်းနံနံအုပ်ကာ စားလို့ရပါပြီ။

ပါဝင်သော ပစ္စည်းများ
============
(၁) တောဝက်သားချဉ်ပတ် ၂၅ ကျပ်သား
(၂) မြေပဲဆီဟင်းစားဇွန်း   ၂ဇွန်း
(၃) ဆားလ္ဘက်ရည်ဖျော်ဇွန်း ၁ဇွန်း
(၄) စိမ်းစားငပိ ဇီးသီးရိုင်းအလုံးခန့်
(၅) ငရုပ်သီးမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်း
(၆) မိုးမျော်ငရုပ်သီးစိမ်း   ၅တောင့်
(၇) ငရုပ်ကောင်းစေ့ လ္ဘက်ဇွန်း  ၁ဇွန်း
(၈) ဂျင်းတစ်လက်မအရွယ် ၁တက်
(၉) ကြက်သွန်နီအလုံးတော် ၁ဥ
(၁၀) ဆနွင်းအနည်းငယ်
(၁၁) ရှောက်နူရွက် ၅ရွက်
(၁၂) ရှမ်းနံနံ ၅ရွက်
(၁၃) ပဒဲကော တစ်တက်
မှတ်ချက် – *အချိုမှုန့်လုံးဝမပါ။*

တင်ဆက်သူ – မင်းမင်းနွယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.