၂၀၁၇ခုနှစ်၊ မဟာသင်္ကြန်ကာလ မော်လမြိုင်တွင် မြင်တာကိုတည့်တည့်ပြောမည်လူငယ် သံချပ်အဖွဲ့ မြို့အနှံ့လှည့်လည်ဖျော်ဖြေသွားမည်ဟု သိရသည်။

“ဒီနှစ်က သုံးကြိမ်မြောက်ထွက်တာပါ။ ၂၀၁၄ မှာတစ်ကြိမ်၊ ၂၀၁၅ မှာတစ်ကြိမ်ဖျော်ဖြေခဲ့ တယ်။ အဓိကဖျော်ဖြေရတာကတော့ နှစ်(၃၀)လောက်ပျောက်ကွယ်နေတဲ့ သံချပ်ယဉ်ကျေးမှုပြန် ဖော်ထုတ်ချင်လို့ လုပ်ရတာပါ”ဟု သံချပ်အဖွဲ့ခေါင်းဆောင် ကိုစောမျိုးမြင့်လှိုင်ကပြောသည်။

ယခုနှစ်သံချပ်ဖျော်ဖြေမှုတွင် အလှပြယာဉ်ပါထည့်သွင်းဖျော်ဖြေသွားမည်ဖြစ်ပြီး မဏ္ဍာပ်မရှိ သည့် ရပ်ကွက်များတွင်မူ အလှပြယာဉ်ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း ထပ်မံပြောသည်။

သံချပ်ဖျော်ဖြေမှုအစီအစဉ်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ စာသားများတင်ပြထားပြီး မည်သို့ ကိုယ်တိုင်သွားမည်ကို မသိဟု သံချပ်အဖွဲ့ကပြောသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် စာတင်လာသည့်သံချပ်အဖွဲ့၏ စာသားများကို ခွင့်ပြုပေးရန် အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဟု အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

“သံချပ်စာသားတွေကို အစိုးရအဖွဲ့က စိစစ် စစ်ဆေးသွားမယ်။ ဘယ်လိုစံနှုန်းတွေနဲ့ စစ်ဆေး မယ်ဆိုတာကို ပြောလို့မရသေးဘူး။ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရအုံးမယ်”ဟု ပြောသည်။
image1
ယခင်ခေတ် ၁၉၆၂ ခုနှစ ်တော်လှန်ရေးကောင်စီလက်ထက်တွင် မော်လမြိုင်မြို့၌ သံချပ်အဖွဲ့ ၅ ဖွဲ့နှင့်အလှပြယာဉ်တို့က မဏ္ဍာပ်များတွင်လှည့်လည်ဖျော်ဖြေပြီး ဆုများချီးမြှင့်ကြောင်း၊ ၁၉၈၈ ခုနှစ် စစ်အစိုးရလက်ထက်မှစတင်၍ ယခုချိန်ထိ မော်လမြိုင်တွင် သံချပ်ယဉ်ကျေးမှု ပျောက်ဆုံးသွားခဲ့ ကြောင်း သင်္ကြန်မဏ္ဍာပ်များတွင် သီဆိုဖျော်ဖြေခဲ့သော ဂီတမှူးဘဏ်စိုးက မှတ်ချက်ပေးသည်။

ယခုနှစ်တွင် ထူးခြားမှုတစ်ခုအဖြစ်ကာလအတန်ကြာပျောက်ကွယ်နေသည့် အလှပြယာဉ်ဖြင့် ပါ လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ပြီး အမှတ်တံဆိပ်အဖြစ် ဟင်္သာရုပ်တုကို အသုံးပြုသွားရန် ရှိ ကြောင်းသိရသည်။

မြင်တာကိုတည့်တည့်ပြောမည်သံချပ်အဖွဲ့တွင် အဖွဲ့ဝင်(၄၀)ခန့်ပါဝင်ပြီး ကျောင်းသားလူငယ် အများစုဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

သတင်း – နောင်ခန့်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.