မော်လမြိုင်၊ ဇန်နဝါရီ ၂၄
မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး ကျောင်းသားများ၏ ကလောင်စွမ်းရည်ကို ဖော်ထုတ်ပေးမည့် တောင်ပံခတ်သံလစဉ်ထုတ်စာစဉ် (အတွဲ-၂ အမှတ်စဉ်-၁) ကို ဖေဖော်ဝါရီ ၁၅-၁၆ ရက် နေ့တွင် ထုတ်ဝေမည်ဟုသိရသည်။
အဆိုပါစာစဉ်ကို လစဉ်ထုတ်ဝေမှာဖြစ်ပြီး ဖေဖော်ဝါရီတွင်ထုတ်ဝေမည့် လထုတ်စာစဉ်ကို အစောင်ရေ (၃၀၀)ခန့်ထုတ်ဝေမည်ဖြစ်ပြီး ပါဝင်မည့်ကဏ္ဍများမှာ ကဗျာ၊ ကာတွန်း၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကျောင်းသားများ နှင့်အင်တာဗျူး၊ အင်္ဂလိပ်သင်ခန်းစာ စသည်တို့ပါဝင်မှာဖြစ်ပြီး စာစောင်၏တန်ဖိုးကိုမှု မသတ်မှတ်ရသေး ကြောင်းသိရသည်။
“’ကျောင်းသားကျောင်းသူတွေရဲ့ ကလောင်စွမ်းရည်ကိုတိုးတက်လာဖို့နဲ့ လွတ်လပ်စွာတွေးခေါ်ရေး သားနိုင်ဖို့အတွက် ဒီစာစဉ်ကိုထုတ်ဝေတာပါ”ဟု ကျောင်းသားသမဂ္ဂ၏ စာပေရေးရာတာဝန်ခံ ကိုကောင်းထက် ကသံလွင်တိုင်းမ်သို့ပြောသည်။
အဆိုပါစာစဉ်ကိုထုတ်ဝေခြင်းသည် ကျောင်းသူကျောင်းသားတွေအနေနဲ့ စာပေကိုချစ်မြတ်နိုးလာပြီး စာရေးတာကို ဝါသနာပါတဲ့ရွက်ပုန်းသီးတွေအတွက် ကလောင်စွမ်းတွေပြသခွင့်ရမယ်လို့ မြန်မာစာဌာနတွင် သင်ကြားပေးလျက်ရှိသော ဆရာမဒေါ်မျိုးသန္တာဦးကပြောသည်။
“ကလေးတွေရဲ့ ရင်ထဲမှာရှိတာတွေကိုထုတ်ဖော်ခွင့်ရလာမယ်။ စာရေးတာကိုဝါသနာတွေပါလာမယ်။ သူတို့တွေရေးတတ်အောင်လည်းဆရာ/ဆရာမတွေက သူတို့ရဲ့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးသွား မှာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ကျောင်းသားသမဂ္ဂအနေဖြင့် လစဉ်ထုတ်စာစဉ် အတွဲ(၁) အမှတ်စဉ် ၁နှင့်၂ကို ယခင်ကထုတ်ဝေခဲ့ သော်လည်း အခက်အခဲများကြောင့် ရပ်နားခဲ့ရပြီး ယခုတဖန် ပြန်လည်ထုတ်ဝေခြင်းဖြစ်ကာ အယ်ဒီတာချုပ် အဖြစ် သမဂ္ဂအတွင်းရေးမှူး ကိုပြည့်ဖိုးလွင်နှင့် တာဝန်ခံအယ်ဒီတာအဖြစ် စာပေရေးရာတာဝန်ခံ ကိုကောင်း ထက်တို့က ဆောင်ရွက်သွားမည်ဟုသိရသည်။
သတင်း – နောင်ခန့်