January 2017

P 10 နဲ့ P 10 Plus မော်ဒယ်လ်မြင့် ဖုန်းနှစ်လုံးကို မိတ်ဆက်ပြသဦးမယ့် HUAWEI

Xaiomi စမတ်ဖုန်းများ ဈေးကွက်ထဲကို ဝင်ရောက်လာပြီးကတည်းက Huawei ဖုန်းတွေကို စားသုံးသူတွေ အာရုံစိုက်မှု နည်းပါးလာတဲ့ အချိန်မှာ Huawei က ပြင်ဆင်မှု အသစ်တွေနဲ့ P 10 နဲ့ P 10 Plus ကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လ(သို့မဟုတ်) ဧပြီလမှာ မိတ်ဆက်ဖို့ ရှိနေတယ်လို့ ကုမ္ပဏီ ရဲ့

သားလေးကြောင့် အကယ်ဒမီပေးပွဲလည်း ခေါင်းထဲမရှိဘူးဆိုတဲ့ထွန်းအိန္ဒြာဗိုလ်

လာမယ့်မတ်လ (၃) ရက်နေ့မှာကျင်းပမယ့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲ(အကယ်ဒမီပေးပွဲ) နဲ့ပတ်သတ်ပြီး ခေါင်းထဲမှာမရှိဘူးလို့အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။ ” အခုက အစ်မ အလုပ်ရှုပ်နေလို့လေ သားလေးက ဂေါက်ပြိုင်ပွဲမှာ ဝင်ပြိုင်နေလို့။ အခု လောလောဆယ်ဆယ် အကယ်ဒမီ ပေးပွဲတက်ဖို့အတွက် ဘာမှမပြင်ဆင်ရသေးပါဘူး။ အကယ်ဒမီ ကိစ္စလည်း ခေါင်းထဲမှာ မရှိသေးပါဘူး” လို့ ၎င်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ် ဟာ ၂၀၁၆ ခုနှစ်…

အစာအိမ်ရောဂါအခြေအနေကြောင့် အကယ်ဒမီပေးပွဲ တက်ဖို့ မသေချာသေးဘူးလို့ဆိုလာတဲ့ ရွှေမှုံရတီ

ပြည်သူချစ်အနုပညာရှင် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီက အစာအိမ်ရောဂါ အခြေအနေကြောင့် လာမယ့် ၂၀၁၇ ခုနှစ် မတ်လ(၃) ရက်နေ့မှာကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ် ချီးမြှင့်ပွဲ (အကယ်ဒမီပေးပွဲ)တက်ရောက်ဖို့မသေချာသေးဘူးလို့ဆိုပါတယ်။ ရွှေမှုံဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ မှော်ကျောက်စာ ရုပ်ရှင်ကားကြီးမှာ မြင့်မြတ် သူထူးစံ ဖြိုးငွေစိုး ထွန်းထွန်းတို့နဲ့တွဲဖက် သရုပ်ဆောင်ထားပြီး ကျွန်တော်ကျွန်မယောကျာ်းဗိုက်ကြီးသည် ရုပ်ရှင်ကားကြီးနဲ့ ဘွန္တောကြက်သူခိုးစတဲ့အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကားကြီးများစွာ ရိုက်ကူးထားပါ တယ်။ “ကိုအောင်ရဲလင်းနဲ့…

ငါးဖယ်ခြစ်သုပ်

ငါးဖယ်ခြစ်သုပ် ပြုလုပ်ပုံမှာ အသားခြစ်ထားသော ငါးဖယ်သားကို ဆားထောင်းထားသော ကြက်သွန်ဖြူတို့နှင့် ရောနယ်ပါ။ အပြားလိုက်လုပ်ထားသော ငါးဖယ်ကို ဆီပူတွင်ကြော်ပါ။ ကျက်ရုံသာ ကြော်ပါ။ ကြော်ပြီးသော ငါးဖယ်ကို ပါးပါးလှီးထားပါ။ ကြက်သွန်နီပါးပါးလှီးပါ။ ကြက်သွန်ဖြူ ဆီချက် ကြော်ထားပါ။ ေ

၂၀၁၇ နှစ်သစ်အတွက် အနားမညီတြိဂံ ပြဿနာများ

မာန်ဏီ ၂၀၁၆ ခုနှစ်မှ သယ်လာသောပြဿနာများစွာအနက် တြိဂံသဖွယ် ဆက်စပ်လျက်ရှိသောပြဿနာ ၃ ရပ်ကို ဦးစွာ ဆန်းစစ်ကြည့်ချင် သည်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် စီးပွားရေးပြဿနာတို့သည် တြိဂံသဖွယ် ဆက်စပ်လျက် ရှိသည့်တိုင် ရှေ့တန်းရောက် ပုံချင်း ထပ်တူမဖြစ်သဖြင့် အနားမညီဟု

ပြည်သူ့ကြားမှာ သမိုင်းရှာ (၁၂)

နိုင်စံဝင်း မေ (၃၁ )ရက်နေ့တွင် ကိုတင်ရီနှင့်တွေ့ရန် ကျိုက်ထိုမြို့သို့ ဦးတင်ဖေကြီး(သမဝါယမ)နှင့် အတူ လော်ကယ်ရထားဖြင့်လိုက်သွားရ၏။ ကိုတင်ရီကို ၎င်း၏ရုံးမှာပင်တွေ့ရ၏။ မြို့ဟောင်း အတွေ့အကြုံများဆွေးနွေးကြရန် တစ်ညအိပ်ပါဦးဟုပြော၏။ ယနေ့ညနေတွင် ၎င်းတို့လူကြီးနှင့် တွေ့ပေးမည်။ ပြောချင်တာ တင်ပြနိုင်သည်ဟုဆိုကာ ရုံးအနီး အခန်းတစ်ခုတွင် တည်းခိုရန် စီစဉ် ပေးပါသည်။ ဦးတင်ဖေကြီးလည်း မော်လမြိုင်လော်ကယ်ဖြင့် ရွာသို့ပြန်၏။ ညနေ ၆ နာရီခန့်၌…

နာဂရ သောဘီနီခွင့်ပြုဖို့လိုခြင်းနှင့် အခြားတစ်ဖက်က သက်ငယ်မုဒိမ်း

ဝရဇိန် (ပေါင်) ရုံးဖွင့်ရက်တစ်ခုရဲ့ မနက် ၁၁ နာရီကျော်အချိန် သထုံခရိုင်တရားရုံး အပေါ်ထပ်ကို လှေခါးအတိုင်း လေးတွဲ့သော ခြေလှမ်းနဲ့တစ်လှမ်းချင်းတက်လာသူ ကိုအောင်ထွန်း (ခ) အီဆာဟတ် ဆိုသူရဲ့ လက်နှစ်ဖက်မှာ စတီးရောင်လက်ထိပ် နဲ့ သံကြိုးစတစ်ဖက်ကို အစောင့်ရဲများက ကိုင်ထားပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပါက ဥပဒေပြုရေးမဏ္ဍိုင်ကို အဓိကလုပ်ဆောင်သွားမယ် ဆိုတဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ဦးမင်းဝင်းထွဋ်နှင့်တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – TU Arkar Min မေး- အန်ကယ့်အနေနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးလည်း ပြောပြပါဦး။ ဖြေ-ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း သုံးယောက်ထဲကနေ ရွေးချယ်ခဲ့တာပါ။ အစည်းအဝေးမှာ အတည်ပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကျွန်တော့ကို အတည်ပြုလိုက်လို့ပါ။ မေး- သုံးယောက်ထဲမှာမှ အန်ကယ့်ကို ရွေးချယ်ခဲ့တယ်ဆိုတော့ အဲ့ဒီအပေါ် အန်ကယ့်အမြင်လေး…

မဟာအာရှပြန်ဖြစ်နိုင်ဖို့ ထရမ့်လုပ်နိုင်တာတွေ

မူဝါဒရေးရာဂုရုတွေက ထရမ့်ရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ အဆက်မပြတ်ရေး နေပါစေ အသစ်တက် လာမယ့် အစိုးရအနေနဲ့ ပထမဦးဆုံးနေ့မှာပဲ အိုဘားမားအစိုးရက အကြိမ်ကြိမ် ကျဆုံးခဲ့တဲ့ ကိုင်တွယ်ရမယ့်စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အပြု အမူနဲ့ပတ်သက်ပြီး