Xaiomi စမတ်ဖုန်းများ ဈေးကွက်ထဲကို ဝင်ရောက်လာပြီးကတည်းက Huawei ဖုန်းတွေကို စားသုံးသူတွေ အာရုံစိုက်မှု နည်းပါးလာတဲ့ အချိန်မှာ Huawei က ပြင်ဆင်မှု အသစ်တွေနဲ့ P 10 နဲ့ P 10 Plus ကို လာမယ့် ၂၀၁၇ ခုနှစ် မတ်လ(သို့မဟုတ်) ဧပြီလမှာ မိတ်ဆက်ဖို့ ရှိနေတယ်လို့ ကုမ္ပဏီ ရဲ့

အမှုဆောင်အရာရှိချုပ် ယူချန်ဒေါင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

P 10 နဲ့ P 10 Plus ဖုန်းနှစ်လုံးစလုံးမှာ မျက်နှာပြင် ၅.၅ လက်မ အထိ ရှိပြီး RAM ကိုလည်း 6 GB အထိ မြှင့်တင်ထားမယ်လို့ သိရပါတယ်။ P 10 မှာ သာမန် Display သာ ပါဝင်ပေမယ့် P 10 Plus မှာ ကွေးနိုင်ဆန့်နိုင်သည့် Curved Screen ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Storage ပမာဏကို 256 GB အထိ မြှင့်တင် အသုံးပြုနိုင်ပြီး အခြား ဖန်ရှင်တွေနဲ့ ဈေးနှုန်း တွေကို မကြာမီ အသိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
huawei-p9
Ref : GSMArena TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.