မော်လမြိုင်၊ နိုဝင်ဘာ ၁၀

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေပါတီ(ချောင်းဆုံ) ၏ သဘောထားထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း မကြာမီကာလမှာပင် ပါတီဗဟိုမှ ၎င်းတို့ပါတီဝင်များ၏တောင်းဆိုချက် များကို ညှိုနှိုင်းဆွေးနွေးလိုသည့်အတွက် နိုဝင်ဘာလ (၁၀) ရက်နေ့က ပါတီဗဟို အတွင်းရေးမှူး ဦးနိုင်စံတင်၏ မွန်ဒေသလုံး

ဆိုင်ရာဒီမိုကရေစီပါတီရုံးတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်။

ပါတီဗဟိုမှ မိမိတို့အပေါ် အထင်အမြင်လွှဲမှားနေမှုများအား ပါတီဝင်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူလူထုထံ ပြန်လည်ချပြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

“ပါတီဗဟိုအနေနဲ့ကတော့ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ် မူကြမ်းကိုရေးဆွဲနေ ပါပြီ။ ကျွန်တော်တို့က မွန်ပါတီပေါင်းစည်းရေးကို မလုပ်ဘဲနေနေတာမဟုတ်ဘူး။ လုပ်ဆောင်နေတဲ့ အကြောင်း၊ပါတီကိုအထင်လွဲနေတာလေးတွေရှိတဲ့အတွက် သူတို့ကို အကြောင်းစုံရှင်းပြလိုက်တယ် သူတို့ကနေ အောက်ခြေပြည်သူူလူထုကို ပြန်ရှင်းပြလို့ရလာမယ်ပေါ့”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(ဗဟို) ဒုတိယ ဥက္ကဌ ဦးနိုင်ချမ်းတွဲ့က သံလွင်တိုင်းမ်သို့ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(ချောင်းဆုံ) ကလည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများရှိနေသကဲ့သို့ အဆိုပါ ရွေးကောက်ပွဲအမှီ ဆန္ဒမဲပိုမိုရရှိစေရန် မွန်ပါတီအားလုံး တစ်ပါတီတည်း ပူးပေါင်းဆောင်ရွက်မှုရှိမှသာ အနိုင်ရလာဒ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1%80%95%e1%80%ab%e1%80%90%e1%80%ae%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8
“လာမယ့်နိုဝင်ဘာလ (၂၆)၊(၂၇) မှာ ပါတီဗဟိုအစည်းအဝေးတွေ ထပ်မံပြုလုပ်ပါမယ်။ ပါတီ ပေါင်းစည်းရေး မူကြမ်းရေးဆွဲဖို့ ဆွေးနွေးကြတယ်။ကျွန်တော်တို့တောင်းဆိုသလို သူတို့ဘက်က ဆွေးနွေးပေးမယ်ဆိုပေမယ့် ခိုင်မာတဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့ လိုပါသေးတယ်။ ထပ်ပြီးတွန်းအားပေး တာတွေ လုပ်ရဦးမှာပါ”ဟု ချောင်းဆုံမြို့နယ် AMDP ပါတီအတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ချောင်းဆုံ AMDP ပါတီသည် မွန်ပါတီများပူးပေါင်းပြီး မွန်တစ်ပါတီတည်း ပေါ်ထွန်းရေးမူဝါဒ လမ်းစဉ်ကို နိုဝင်ဘာလကုန်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် နှင့် ယင်းသို့ မလုပ် ဆောင်နိုင်ပါက ချောင်းဆုံရှိ AMDP ပါတီဝင်များနှင့် အလုပ်အမှုဆောင်များအားလုံး ပါတီဝင်အဖြစ်မှ အပြီးပိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုသို့ သဘောထားကြေငြာချက်တစ်စောင် ပေးပို့ ခဲ့သည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.