Bangkok Post
ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး ဝက်ဘ်ဆိုဒ်များက သက်ဦးဆံပိုင်ဘုရင်စနစ်ကို စော်ကားရေးသားသည့် ဝက်ဘ်ဆိုဒ်များကို ပိတ်ပစ်ရန် မေးမြန်းခြင်းနှင့် စပ်လျဉ်းသည့် အရေကြီးစာတတစ်စောင်ကို အမျိုးသားအဆင့်တယ်လီကွန်ထိန်းသိမ်းသည့်အဖွဲ့အစည်းက Facebook၊ Youtube၊ Line နှင့်Twitterတို့၏ ဒေသတွင်း အော်ပရေရှင်းယူနစ်များသို့ ပေးပို့ခဲ့သည်။

“ကျော်ကြားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဗွီဒီယိုရှယ်တဲ့ဆိုဒ်တော်တော်များအပေါ် မဆီငေါ်တဲ့ အကြောင်းအရာကို ရေးသားဖော်ပြ နေတာတဲ့ ဝက်ဘ်ဆိုဒ် ၁၂၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီဆိုဒ်တွေကိုလည်း ပိတ်ပစ်နိုင်ဖို့အတွက် Facebook နဲ့ Youtube ဆီ ကနေ လာမယ့် ပူးပေါင်းမှုမျိုး ကျုပ်တို့လိုအပ်ပါတယ်”ဟု အမျိုးသားအဆင့်ရုပ်သံထုတ်လွှင့်ခြင်းနှင့်တယ်လီကွန်ဆက်သွယ်ရေးကော်မ ရှင် (NBTC-National Broadcasting and Telecommunications Commision)၏ အထွေထွေအတွင်းရေးမှူး Takon Tantasithက ပြောကြားခဲ့သည်။

“ထိုနည်းလည်းကောင်းပဲ Lineနဲ့ Twitterတို့ဆီကလည်း ပူးပေါင်းဆောင်ရွက်မှု ကျုပ်တို့လိုအပ်လှပါတယ်။ ဘုရင်စနစ်ကို စော်ကားပုတ် ခတ်တဲ့ အရေးအသားမှတ်ချက်များကို ပေးတဲ့ အသုံးပြုသူတွေကို ပိတ်ပစ်ဖို့အတွက်ပါပဲ ခင်ဗျ”ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

NBTC သည် များမကြာသေးမီကပင် လူမှုမီဒီယာကွန်ယက်အကြီးစားများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်တွက် လွန်ခဲ့သောနှစ် အနည်း ငယ်ခန့်က မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ယင်းတို့၏ web server များ ထိုင်းနိုင်ငံအတွင်း မတည်ရှိဟူသော အကြောင်းပြချက်ဖြင့် NBTC ၏တောင်းဆိုချက်များက ငြင်းပယ်ခြင်းခံခဲ့ရခြင်းဖြစ်ပါသည်။

Mr Takom ၏ ပြောကြားချက်တွင် NBTC ကြောင့်ဖြစ်လာရမည့် အရွှေ့တစ်ခုဆိုသည်မှာ လူထုက ယင်းတို့၏အမြင်ကို လွတ်လပ် ပွင့်လင်းစွာ ထုတ်ဖော်ရန်ဟူသည့် အခြေခံအခွင့်အရေးကို အကြမ်းမဖက်ကြောင်းဟု ပါရှိသည်။

သို့သော်လည်း သက်ဦးဆံပိုင်ဘုရင်စနစ်ကို မှတ်ချက်ပြုရေးသားစော်ကားခြင်းသည် ထိုင်းနိုင်ငံ၏ တရားဥပဒေကိုစော်ကားရာ ရောက်ဟု ဆိုရသည်မှာ မကောင်းသောရည်ရွယ်ချက်များနှင့် သတင်းအမှားများကို လူအများယုံကြည်လာအောင်လှုံ့ဆောင်သည်မှာ ဘုရင်မင်းကြီး ၏ အရိုအသေတန်မှုကို ဖျက်ဆီးသောကြောင့် ဖြစ်သည်။

Mr Takom က ဆက်လက်ပြောကြားရာတွင် NBTC အနေဖြင့် webpage နှင့် URLs ၁၂၀ ကျော်ခန့်ကို ပိတ်ပစ်နိုင်ရန်အတွက် ထိုင်းနိုင်ငံ အတွင်းမှာရှိသော Facebookနှင့် Youtube ဝန်ဆောင်မှုထောင်ပံ့သူများကို စာရင်းပေးပို့မည်ဟု ပါရှိသည်။

မဆီလျော်သော အကြောင်းတစ်စုံတစ်ရာနှင့်ပတ်သက်၍ ရေးသားမှတ်ချက်ပေးမှုများကို ရှာဖွေတွေ့ရှိသူများသည် ဒီဂျစ်တယ်စီးပွား ရေးနှင့် လူူမှုအဖွဲ့၏ Call Center ဖုန်းနံပါတ် ၁၂၁၂နှင့် NBTC ၏ Call Center ဖုန်းနံပါတ် ၁၂၀၀နှင့် အီးမေလ်လိပ်စာ [email protected] သို့ ဆက်သွယ်သတင်းပေးပို့နိုင်သည်။

NBTC က တနင်္လာနေ့မှ စတင်ကာ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုမီဒီယာကွန်ရက်များတွင် ထုတ်လွှင့်မည့်အကြောင်းအရာများကို စောင့်ကြည့်လေ့လာမည့် စင်တာတစ်ခုကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ရုံးခန်းသည် NBTC ၌ တည်ရှိပြီး ဝန်ထမ်းပေါင်း ၁၀ဦးကို ရှစ်နာရီ တစ်ကြိမ် အလှည့်ကျသုံးဖွဲ့ခွဲ၍ လည်ပတ်လျှက်ရှိပါသည်။

ဘာသာပြန်သူ – မျိုးမြတ်လွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.