သာသနာ့မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ယမ်းမိုင်းခွဲကျောက်ထုတ်လုပ်ခြင်းကို ကန့်ကွက်သည့်ဆန္ဒဖော် ထုတ်မှုအား အောက်တိုဘာလ(၁၂)ရက်နေ့ မနက်ပိုင်းက ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ခွင့်ပြုချက်မရှိပဲ ယမ်းမိုင်းခွဲကာ ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်နေသဖြင့် လူနေခြံများသို့ ကျောက်ခဲ များလွင့်စင်ကျရောက်ခြင်း၊ နန်းဗိုလ်လင်းသာသနာ့မြေနှင့်ရှေးဟောင်း သမိုင်းဝင်စေတီ ပျက်ဆီးသွားမည် စိုးရိမ် နေရခြင်း၊ ဒေသခံပြည်သူများကို တရားစွဲဆိုထားခြင်းအကြောင်းပြချက်များဖြင့် ရွာသူ/သား (၄၀၀)ဦးခန့်က ဆန္ဒဖော်ထုတ်ခြင်းလည်းဖြစ်သည်။

“နန်းဗိုလ်လင်းစေတီနဲ့ သိမ်ကို မြိုင်ကြီးငူဆရာတော်ဘုရားကိုယ်တိုင် ထီးတင်ခဲ့တယ်။ သိမ်သမုဒ်ခဲ့ တာပါ။ မပျက်ဆီးခင် ကာကွယ်ပေးကြစေချင်ပါတယ်။ ယမ်းခွဲဖို့ ဘယ်ကနေ ယမ်းတွေရတာလဲ ဖေါ်ထုတ် အရေးယူပေးစေချင်တယ်။ သူ့ကျောင်းထဲမှာ မြေတူးစက်ဘက်ဖိုးကြီးတွေ၊ ကျောက်တင်ကားတွေရှိတယ်။ သွား ကြည့်လို့ ရတယ်“ဟု ဆန္ဒဖော်ထုတ်သည့်အဖွဲ့ခေါင်းဆောင် မချောစုက သံလွင်တိုင်းမ်သို့ပြောသည်။

နန်းဗိုလ်လင်းသာသနာ့မြေကို ဒေသခံများကာကွယ်ခွင့်ရရှိရေး၊ ကျောက်ထုတ်လုပ်မှု ရပ်ဆိုင်းရေး၊ ဒေသခံများကိုမဟုတ်မမှန် စွဲဆိုထားသောအမှုမှန်ပေါ်ပေါက်ရေး၊ ဒေသခံမဟုတ်သော ကိုရင်လေးအကျိုးတော် ဆောင် ဦးစိုးမင်းလွင်အားအလိုမရှိစသော ကြွေးကြော်သံများဖြင့် ကတိုက်ကျေးရွာ သဲဖြူကုန်းဘော်လုံးကွင်းမှ နန်းဗိုလ်လင်းစေတီရှေ့အထိ တစ်မိုင်ခန့်အကွာအဝေးအား ကြွေးကြော်ချီတက်ခဲ့သည်။

ဆန္ဒပြမှုဖြစ်စဉ်အပေါ် နန်းဗိုလ်လင်းကျောင်းမှ ကျောင်းထိုင်ဦးဆန္ဒညာဏနှင့် တွေ့ဆုံမေးမြန်းရန် ခွင့်တောင်းခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့သည်။ သို့သော်လည်း တိုက်အုပ်ဆရာတော် ဦးသစ္စာ “ ဘုရား တည်တာကို မလွတ်တဲ့ကျောက်တွေခွဲတာပါ။ သူတို့ကလူများတော့ သူတို့ ဆန္ဒအရ သူတို့ဆန္ဒပြတာကို ဘာမှ မပြောလိုဘူး“ဟုရှင်းပြပြောဆိုခဲ့သည်။

ကုလားမတောင်သစ်တောကြိုးဝိုင်း ဦးပိုင်အမှတ် ၂၇၂ တွင် ကိုရင်လေးဝတ္တကမြေ ၃.၆၀ ဧက ကို မြေစာရင်းဌာနက ပုံစံ၁၀၅ ထုတ်ပေးထားကြောင်းဆိုင်းဘုတ်ထောင်ပြသထားသော်လည်း မူလနန်းဗိုလ်လင်း ဝတ္တကမြေ ၈ ဧကကျော်မှ မြေများနှင့်ပတ်သက်၍ ရွာသားများနှင့်ပြဿနာဖြစ်ပွားနေကြရာ ကိုရင်လေးတို့ ဘက်မှ မူလသိမ် ပနက်များကို ချွတ်ပစ်ခြင်း၊ ဇရပ်အားဖြိုဖျက်လိုက်ခြင်း၊ နန်ဗိုလ်လင်းစေတီအားကွယ်အောင် မျက်နှာစာမှ စေတီတစ်ဆူ ပိတ်၍ ခွင့်ပြုချက်မရှိပဲတည်ခြင်း၊ နန်းဗိုလ်လင်းသာသနာ့မြေကို ခြံစည်းရိုးကာသည့် ရွာသား(၁၀၀)ကျော်မှ ခေါင်းဆောင် (၅)ဦးကို တရားစွဲဆိုထားခြင်းများကြောင့် ကိုရင်လေးကျောင်းမှ ဦးဆန္ဒညာ ဏအား ဒေသတွင်းမှ ထွက်ခွာသွားစေလိုကြောင်း ကျေးရွာသံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဦး က္ကုန္ဒသစ္ထ (အိမ်ဒသစ်ထ)က မီဒီယာများကို မိန့်သည်။
14725495_507487216042466_6648584663715870576_n
ထိုသို့ဆန္ဒထုတ်ဖေါ်ရန် အောက်တိုဘာ(၄)ရက်နေ့က ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှုးထံ ခွင့်ပြုချက်တောင်းခံ ခဲ့ပြီး အောက်တိုဘာ(၈)ရက်နေ့တွင် မြို့နယ်ရဲက ခွင့်ပြုအမိန့်အမှတ် ၄/၂၀၁၆ အရ ခွင့်ပြုချက်ပေးခဲ့ကာ အဆိုပါ ဆန္ဒထုတ်ဖော်ရာသို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိ(၁၀)ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင်(၃၅)ဦး လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရသည်။

သတင်းနှင့် ဓါတ်ပုံ – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.