မော်လမြိုင်၊ စက်တင်ဘာ ၇

အစိုးရသစ်အနေဖြင့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာလျှပ်စစ်စီမံကိန်း(၆)ခုကို ဆက်မလုပ် သွားရန် တိုက်တွန်းသည့်အစီရင်ခံစာကို (MYPO)အဖွဲ့က စက်တင်ဘာ (၇)ရက်တွင် ထုတ်ပြန်ခဲ့သည်။

သံလွင်မြစ်ရေကာတာကြီးများကြောင့် မြစ်အောက်ပိုင်းနေ မွန် နှင့် ကရင်ပြည်နယ်ရှိ ဒေသခံလူထုများ နှင့် ဂေဟစနစ်များ ထိခိုက်ဖျက်ဆီးမှုများအပြင် နှုးညံ့သိမ်မွေ့သော သံလွင်မြစ်ဝကျွန်းပေါ်ဂေဟစနစ်မှ ဒေသခံ များ၏ အသက်မွေးဝမ်းကြောင်းအား မြင့်မားစွာအကျိုးဖြစ်ထွန်းစေခြင်းများသည် သံလွင်ရေကာတာကြောင့် ပြန်ပြုပြင်၍မရနိုင်သည့် ထိခိုက်ပျက်စီးစေသော လေ့လာတွေ့ရှိချက်များကို အစီရင်ခံစာတွင် တွေ့ရသည်။

အစိုးရသစ်အနေဖြင့် နောင်ဖရေကာတာကို ဆက်လုပ်သွားရန် တရားဝင်ထုတ်ပြန်ထားခဲ့ပြီး မြန်မာ့လျှပ်စစ် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အတွင်းရေးမှူးဦးထိန်လွင်က “ကျနော်တို့ တိုင်းပြည်မှာ လျှပ်စစ်မီးလိုအပ် နေတယ်။ ဒါကြောင့် သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို အကောင်အထည်ဖော်ရမယ် ပြည်သူ လူထုထောက်ခံမှုရရှိအောင်လည်း ဆက်လုပ်သွားမယ်” သြဂုတ်လ ၁၂ ရက်တွင် ပြောခဲ့သည်ဟု အစီရင် ခံစာသုတေသနဦးဆောင်သူက ပြောသည်။

“ယခင်စစ်အစိုးရလက်ထက်တုန်းက အကောင်အထည်ဖော်ခဲ့တဲ့ ပြည်သူတွေခံစားခဲ့ရသည့်ဒဏ်ကို ယခု အစိုးရက ဆက်ပြီးမလုပ်ဖို့ တိုက်တွန်းတဲ့အနေနဲ့ပါ” အစီရင်ခံစာအတွက် သုတေသနဦးဆောင် ပြုစုသူ မိအားချိုင်းက ပြောသည်။

သံလွင်မြစ်အောက်ပိုင်းနေ ဒေသခံများကို ခြိမ်းခြောက်နေသော ရေကာတာ စီမံကိန်းများ အစီရင်ခံစာသုတေ သနအဖွဲ့ကို တိုးတက်သောမွန်လူငယ်များအစည်းအရုံး(MYPO)က ၂၀၁၄မှ ၂၀၁၆ခုနှစ်အတွင်း မွန်ပြည် နယ်နှင့်ကရင်ပြည်နယ် အတွင်းရှိမြို့နယ် ၆ မြို့နယ်ကို ကွင်းဆင်းလေ့လာခဲ့သည်။

“ဒီနှစ်ချက်ကို သုံးသပ်ရမယ်ဆိုရင် ဒီလောက်ထိလူထုတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေကန့်ကွက်နေတာကို တရားဝင်သူတို့လုပ်နေမယ်ဆိုရင် အဓိပ္ပါယ်က အခုအစိုးရက လူထုယုံကြည်ပြီးရွေးချယ်ခဲ့တဲ့အတွက် လူထု အသံကို နားမထောင်ဘူးဆိုတာ မဖြစ်သင့်ဘူး” ၎င်းကပြောသည်။

၂၀၁၄ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနှင့် ရေကာတာဆန့်ကျင်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင်မြို့ကြားတွင်ရှိသည့် သဲသောင်ပြင်ပေါ်တွင် (Burma River Network) ရှမ်း၊ကရင်နီ၊ကရင်၊မွန် အရပ်ဖက်လူမှုအဖွဲ့အစည်းများက လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
enveroment
စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံရေကာတာ၊လာရှိုးအရှေ့ဘက် နောင်ဖနှင့် မန်တောင် ရေကာတာ၊ တောင်ကြီးအရှေ့ဘက် မိုင်းတုံရေကာတာ၊ကယားပြည်နယ် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ(၆)ခုသံလွင်မြစ်တွင်တည်ရှိနေပြီး မွန်ပြည်နယ်မှာရေကာတာ တည်ဆောက်ခြင်းမရှိ သော်လည်း သံလွင်မြစ်ဆုံးသည့်နေရာဖြစ်သည့်အတွင် ဆိုးကျိုးပိုမိုထိခိုက်နိုင်သည်ဟု ကရင်မြစ်ချောင်း စောင့်ကြည့်ရေးအဖွဲ့ ကိုစောသာဘိုးက ပြောသည်။

သတင်းနှင့် ဓါတ်ပုံ – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.