ပေါင်၊ စက်တင်ဘာ ၇
နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်မည့်မြေနေရာများရှာဖွေသတ်မှတ်ထားရန် နိုင်ငံ တော်သမ္မတရုံး၏ ညွှန်ကြားထားချက်အရ မွန်ပြည်နယ်၊ သထုံခရိုင်(၄)မြို့နယ်အတွင်း လျာထားမြေနေရာ များကို စက်တင်ဘာ ၇ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအဖွဲ့မှ လိုက်လံကြည့်ရှုနေကြောင်း သတင်းရရှိပါသည်။
“နိုင်ငံတော်သမ္မတရုံးက နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင် နိုင်မဲ့မြေနေရာတွေကို ရှာဖွေ ထားဖို့ညွှန်ကြားထားတာပါ။ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာဖြစ်ဖို့ လိုပါတယ်”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်က ဌာနဆိုင်ရာအသီးသီးမှလိုက်ပါလာသူများအား ပြောဆိုခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်တင်ဘာ(၇)ရက်နေ့ မွန်းတည့် (၁၂)နာရီခွဲအချိန်က ပေါင်မြို့ နယ်လက်ပံတောကျေးရွာ ကွင်းအမှတ် (၉၅၁)သို့ရောက်လာပြီး ပေါင်မြို့နယ်မြေစာရင်းဌာနကအဆိုပြုသည့် မြေနေရာကိုကြည့်ရှုခဲ့သည်။
အဆိုပါနေရာမှာရေနက်ကွင်းဖြစ်နေ၍ အဆင်မပြေနိုင်ကြောင်း အရံအဖြစ်သာထားရှိရန်နှင့် အခြား နေရာရှိက ပြသပေးရန် ပြောဆိုခဲ့သဖြင့် ဆင်ရွာကျေးရွာ ခရိုင်ချင်းဆက် ကားလမ်းဘေး အနောက်ခြမ်းမှ စက်မှုဝန်ကြီးဌာနပိုင် ရော်ဘာတော ဧက ၄၂၄ပေါ်မှ ဧက ၁၀၀ကျော် ကိုလိုက်လံကြည့်ရှုခဲ့ပြီး မြေထုတ်နှုတ် ပေးထားနိုင်ရန်ညွှန်ကြားမှုများပြုလုပ်သွားခဲ့သည်။
မြို့တစ်ခုလျှင်တစ်နေရာစီ၌ မြေအကျယ်ဧက ၁၀၀ ကျောခန့် သတ်မှတ်ထားပေးရန်အစီအစဉ်အရ သထုံမြို့နယ်တွင် တာယာ စက်ရုံ စွန့်လွှတ်မြေနေရာကိုလည်းကောင်း၊ ကျိုက်ထိုမြိုနယ်တွင် စက္ကူစက်ရုံ မြေဧက ၉၀၀မှနေရာအချို့ကိုသတ်မှတ်လျာထားကြောင်း သထုံခရိုင်အုပ်ချုပ်ရေးမှုးဦးတေဇာအောင်က သံလွင်တိုင်းမ်သို့ပြောသည်။
သတင်း – ဝရဇိန် (ပေါင်)