သထုံ၊ စက်တင်ဘာ ၃

သထုံမြို့တွင် အသက်(၁၄)နှစ်အရွယ်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သထုံမြို့နယ် ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်အရ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်တွင် နေထိုင်သူ မ——မှ တရားလိုပြုလုပ်တိုင်ကြားမှုတွင် ၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်းက သမီးဖြစ်သူအသက်(၁၄)နှစ်အရွယ် မ—–မှ ဘာသာရေးကျောင်း၌ ပညာသင် လိုကြောင်းပြောသဖြင့် သထုံမြို့ အောက်ကျင်းရပ်ကွက်(၁)လမ်းနေ၊ မော်လဝီဆရာ “အီစဟတ်”(ဘ) ဦးမာ မွတ်ပိန် (ခ)သန်းအောင်ထံသို့ ကျောင်းအပ်နှံပေးခဲ့ကြောင်း၊ လွန်ခဲ့သည့်(၁၀)ရက်တွင် သမီး ဖြစ်သူ မ——မှာကျောင်းမသွားတော့သဖြင့် အကြောင်းအရင်းကိုမေးမြန်းခဲ့စဉ် ၂၀၁၆၊ သြဂုတ်လ(၂၄) ရက်နေ့ မနက်(၁၀) နာရီအချိန်ခန့်တွင် မော်လဝီဆရာ အီစဟတ်မှ မိမိကို စာသင်ခန်းထဲ၌ အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့သည် ဟု ရဲမှတ်တမ်းအရသိရသည်။

အဆိုပါအမှုဖြစ်စဉ်အပေါ် မ——-၏မိခင် မခင်မာချို မှတရားလိုပြုလုပ်ပြီး စက်တင်ဘာ(၃)ရက်နေ့တွင် သထုံရဲစခန်းသို့အမှုလာရောက်တိုင်တန်းချက်အရ သထုံမြို့မရဲစခန်း၏ (ပ)၄၆၀/၂၀၁၆ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆အရ မော်လဝီဆရာ အီစဟတ် ကိုဖမ်းဆီးအရေးယူထားပြီး ရဲအမှုစစ်မှ မိန်းကလေး၏ ဆေးစစ်ချက် ရရှိနိုင်ရန် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာ (၄)ရက်နေ့တွင်ပို့ဆောင်ပေးခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရသိရသည်။
rape
သတင်း – အောင်ကိုကိုလွင်(သထုံသား)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.