မုဒုံ၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော မုဒုံလူမှုကယ်ဆယ်ရေးအဖွဲ့သည် စတင်ဖွဲ့ စည်းသည့်အချိန်မှစပြီး နှစ်လအတွင်း ကူညီမှုပေါင်း(၁၇)ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရဥည်။<!--more-->



"ဒို့မုဒုံမြို့ဟာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်မှာတည်ရှိတယ်။ လမ်းချိုး၊လမ်းကွေ့၊လမ်းဆုံတွေ လည်း တအားများတယ်။ မကြာခဏဆိုသလိုပဲယာဉ်အန္တရာယ်ဖြစ်မှုတွေ ယာဉ်တိုက်မှုတွေဖြစ်တယ်။ ဖြစ်တဲ့ အခါမှာ၊ သွေးသံရဲရဲဖြစ်နေတာတွေကို ကိုင်ဖို့၊သယ်ဖို့လက်တွန့်ကြတယ်။ အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းကလည်းမရှိဘူး။ ဒီလိုအပ်ချက်ကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ အခမဲ့အရေးပေါ် လူမှု ကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရခြင်းဖြစ်တယ်"ဟု ဥက္ကဌဦးမိုးမြင့်ရှိန်က သံလွင်တိုင်းမ်ကိုပြော သည်။

မုဒုံမြို့လူမှုကယ်ဆယ်ရေးအဖွဲ့သည် ရည်ရွယ်ချက်(၅)ချက်၊ လုပ်ငန်းတာဝန်(၃)ချက်ဖြင့်လူမျိုး၊ ဘာသာမခွဲခြားပဲ မတော်တဆထိခိုက်ဒဏ်ရာရရှိသောလူနာများအား၎င်းတို့တတ်ကျွမ်းသောနည်းပညာဖြင့် ကူညီကယ်ဆယ်ပြီးအမြန်ဆုံးဆေးဝါးအကူအညီရရှိရန်ဆောင်ရွက်ပေးလျှက်ရှိသောမုဒုမြို့နယ်၏တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်းလည်းသိရှိရသည်။

အဆိုပါအဖွဲ့အစည်းအား ဇူလိုင်လ(၃၀)ရက်နေ့တွင်ကော်မတီဝင်(၆)ဦးဖြင့် စတင်ဖွဲ့စည်းကာမြန်မာနိင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်သို့သွားရောက်ကာ လိုအပ်သည့်သင်တန်းများတက်ရောက်ပြီး အောင်လက်မှတ်ရရှိထားသူများဖြင့်အခြေပြုဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပြီး အမှုဆောင်အဖွဲ့မှငွေကြေးစိုက်ထုတ်ကာ သီးသန့် အလှူရှင်မရှိပဲ ဆေးဘက်ဆိုင်ရာပစ္စည်းအစုံအလင်နှင့်အတူလိုအပ်သောကားတစ်စီးအားဝယ်ယူကာစုစုပေါင်း သိန်း(၆၀)ကျော်ကုန်ကျခဲ့ကြောင်းလည်းသိရှိရသည်။

လက်ရှိတွင်အဖွဲ့ဝင်(၁၅)ဦးဖြင့် အမှတ်(46.B)ဗိုလ်ချုပ်လမ်း၊ မြို့မ(၁}ရပ်ကွက်တွင်ရုံးဖွင့်လှစ်ထားရှိပြီး ကူညီမှုပေါင်း(၁၇)ခုဆောင်ရွက်ခဲ့ကြောင်းလည်းသိရှိရသည်။ အဖွဲ့သို့ ဆက်သွယ်လိုပါက ၀၉ ၇၉၀၁၅၁၄၃၁၊ ၀၉ ၇၉၀၁၅၁၂၅၂၊ ၀၉ ၄၅၅၉၀၁၂၈၅၊ ၀၉ ၂၅၅၈၇၇၃၇၇၊ ၀၉ ၂၆၃၄၄၂၄၂၂နှင့် အတူအရေးပေါ်ဆက်သွယ်ရန် ၀၉၇၇၃၉၉၆၁၁၄၊ ၀၉၇၇၃၉၉၆၁၁၅ သို့ဆက်သွယ်နိင်ကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.