မော်လမြိုင်၊စက်တင်ဘာ ၇

နည်းပညာတက္ကသိုလ်ကျောင်းများ၏ စနစ်ဟောင်းတွင် သတ်မှတ်ထားသောB-Tech အရည်အချင်း ပြည့်မှီမှသာ BE ဝင်ခွင့်ပေးထားသော်လည်း ယခုနှစ်မှစ၍ ပေါင်းကူးမရှိတော့ဘဲ B-Tech အောင်မြင်ရုံဖြင့် BE ဝင်ခွင့်ရရှိမှာဖြစ်ကြောင်းသိရသည်။

ယခုနှစ် BE များ စာမေးပွဲကျရှုံးခဲ့ပါက Re-exam ပြန်လည်ဖြေဆိုခွင့် ပေးမှာ မဟုတ်တော့ကြောင်း Entrance အောင်စာရင်းများကိုလည်း နည်းပညာတက္ကသိုလ်ကျောင်းအောင်စာရင်းများနည်းတူ ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာရန်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း စက်တင်ဘာလ(၆) ရက်နေ့က နည်းပညာတက္ကသိုလ်(သန်လျင်)တွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ကျောင်းပေါင်းစုံ ဘာာသာရပ်ပေါင်းစုံ ဆွေးနွေးညှိုနှိုင်းပွဲမှ သိရသည်။

“ပါမောက္ခချုပ်တွေနဲ့ ကျောင်းအုပ်ကြီးတွေသဘောတူညှိနှိုင်းပြီးတော့ ဝန်ကြီးရုံးတို့ ညွှန်ချုပ်တို့ကို လည်း အစည်းအဝေးမှတ်တမ်း တင်ပြထားတယ်။ သူတို့က ကန့် ကွက်မှု မရှိဘူးဆိုရင် အတည်ပြုလို့ရပါ တယ်။ ကျောင်းတွေကိုလည်း တရားဝင်စာပို့ပေးလိမ့်မယ်” ဟု သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းအုပ် ဒေါက်တာကေသီလွင်က သံလွင်တိုင်းမ်သို့ပြောသည်။

ယခု B-Tech စတုတ္ထနှစ်တက်ရောက်နေသော ကျောင်းသားများအား အောင်စာရင်းမူအတိုင်းသာ စစ် ဆေးသွားမှာဖြစ်ကြာင်းသိရသည်။
gtc-mawlamyine-agti
“ပြုပြင်ပြောင်းလဲတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် စနစ်တွေက ခဏခဏပြောင်းနေရင်တော့ ကျွန်တော်တို့ကျောင်းသားတွေ မသေချာ မရေရာ ဖြစ်ရပါတယ်။ ရှေ့လျှောက်ရမယ့်အလုပ်တွေ ကြိုတင် ရေးဆွဲလို့မရဘူးပေါ့။ B-Tech ဘွဲ့လည်းပေးမယ် ပေါင်းကူးလည်းမရှိတော့ဘူးဆိုတော့ ကောင်းတာပေါ့။ အစက သိပ္ပံနှင့်နည်းပညာဝန်ကြီးအောက်ကနေ အခုပညာရေးဝန်ကြီးအောက်ရောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းတော့ အကောင်းဘက်ကိုပြောင်းလဲလာပါ ပြီ” ဟု နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် အီလက်ထရောနစ်မေဂျာ စတုတ္ထနှစ် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်မျိုးဦးက ပြောသည်

ယခုနှစ် တတိယနှစ်ကျောင်းသားများသည်လည်းပေါင်းကူးမရှိတော့ဘဲ BE တိုက်ရိုက်(၆)နှစ် တက်ရောက်ရမည်ဖြစ်ရာ ယခုနှစ်မှစ၍ 1BE,2BE ,3BE,4BE,5BE နှင့် 6BE ဟုခေါ်ဆိုသတ်မှတ် သွားမည်ဖြစ်ကြောင်းသိရသည်။

ဝင်ခွင့်အမှတ်များနှင့်ပတ်သတ်ပြီး အပြောင်းအလဲများလည်း နှစ်စဉ် ဖြစ်ပေါ်လျက်ရှိရာ “မော်လမြိုင်မှာ မနှစ်ကဆို ရမှတ်(၃၈၀)နှင့်အထက်ဆိုပြီး ခေါ်ထားတယ်။ တစ်မေဂျာကို လူဦးရေ(၄၀)ပေါ့။ စုစုပေါင်း လူဦးရေ (၂၀၀) ခေါ်ခဲ့တယ်။ မနှစ်က Civil မေဂျာဆိုရင် ယောကျာ်းလေးကို ၄၂၆ မှတ် မိန်းကလေးကို ၄၃၆ မှတ်ဖြတ် တယ်။ ဒီနှစ်ကိုတော့ ရမှတ် (၃၆၀)နှင့်အထက်ခေါ်ထားတယ်ဆိုပေမယ့် လျှောက်တဲ့သူတွေအပေါ် မူတည်ပါ တယ်”ဟု နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောသည်။

နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်အင်ဂျင်နီ ယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ သုတနည်းပညာ ဘာသာရပ်နှင့် မက္ကာထရောနစ်အင်ဂျင်နီယာဘာသာရပ် စသည့် ဘာသာရပ်(၆)ခု သင်ကြားပေးလျက်ရှိခဲ့ပြီး မကထရောနစ်ဘာသာရပ်ကိုမူ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကတည်းက သင်ကြားခြင်း မရှိတော့ဘဲ လက်ရှိတွင် မေဂျာ(၅)ခုအား သင်ကြားပို့ချပေးလျက်ရှိသည်။

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.