ကျိုက်ခမီ၊ စက်တင်ဘာ ၃

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် စက်တင်ဘာ(၂)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပင်လယ်ကမ်းစပ်နှင့်နီးလျှက်ရှိသည့် အောင်သုခရပ်ကွက်ရှိ နေအိမ်အချို့ နှင့်အဆောက်အဦးများပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါပျက်စီးသွားသောနေရာများသို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ လုမှုရေးအဖွဲ့အစည်း များ လာရောက်ကူညီခဲ့သည်ဟု ကျိုက္ခမီမြို့မှကိုလေးကပြောသည်။

ထိခိုက်ပျက်စီးမှုများအတွက် လူ/ကယ်ပြန်အဖွဲ့မှလာရောက်လှူဒါန်းသွားကြောင်း၊ ပြည်ခိုင်ဖြိုးအဖွဲ့မှ လည်း ငွေ(၂၀၀၀၀၀)လာရောက်လှူဒါန်းသွားကြောင်း၊ လုံးဝပျက်စီးသွားတဲ့အိမ်များကို ငွေ(၅၀၀၀၀)ကျပ်၊ သာမန်ပျက်စီးသွားသည့် အိမ်များကို (၂၀၀၀၀)ကျပ်နှင့် ပုဆိုး ထမိန်နှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်း ခဲ့ကြောင်း အောင်သုခအုပ်ချူပ်ရေးမှူ ဦးသာဗျောကပြောသည်။

အဆိုပါ ပျက်စီးခဲ့သည့်နေအိမ်များတွင်နေထိုင်သူများအား သီရိမြိုင်အလက ခွဲစာသင်ကျောင်း၌ ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းလဲသိရသည်။
logo-osx
သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.