မော်လမြိုင်၊ ဇွန် ၂၈ရက်

မော်လမြိုင်မြို့ဈေးကြိုရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇွန်လ (၂၆)ရက် ညပိုင်းအချိန်တွင် မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကံရွှင်နှင့် တပ်ဖွဲ့ဝင်များမှ ဈေးကြိုရပ်ကွက် စက်ရုံစုမြေလမ်းမ ဝဲကလာသင်္ချိုင်းအနီးတွင် ရပ်ထားသည့် ISUZU D-Max အမျိုးအစား 3K/9985 နံပါတ်တပ်ဆင်ထားသည့် ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် မော်လမြိုင် မြို့မုပွန်ရပ်ကွက် အိုးရုံရပ် သရက်ကုန်းလမ်းနေ ကြည်သူ (၂၉) နှစ် (ဘ) ဦးမျိုးညွှန့်နှင့် မော်လမြိုင်မြို့သီရိမြိုင် ရပ်ကွက် အမှတ် (၅၀) နေ ဟိန်းမင်းစိုး (၂၇) နှစ် (ဘ) ဦးအောင်စိုးတို့(၂) ဦးအား တွေ့ရှိရပြီး ယာဉ်ရှေ့ခေါင်း ခန်းနောက်ကျောမှ BSA တံဆိပ်ပါ မှန်ပြောင်းတပ်ထားသည့် သေနတ်နံပါတ် (CAL22LR20304)၊ ပွိုင့်-၂၂ အမျိုးအစား ပြောင်းရှည်သေနတ် (၁) လက်၊ ၎င်းကျည် (၆) တောင့် နှင့် ကျည်ကတ် (၁) ခု၊ အညိုရောင် သားရေအိတ်အတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃၈) ပြားနှင့် ငွေစက္ကူရောရာ(၁၂၀၀၀၀) ကျပ်အား ရှာဖွေ သိမ်းဆည်းရမိခဲ့သည်ဟု မုပွန်နယ်မြေ ရဲစခန်း မှတ်တမ်းများအရသိရသည်။

ထို့နောက် ကြည်သူအား စစ်ဆေးချက်အရ ၎င်းနေအိမ်တွင် မူးယစ်ဆေးဝါးများထပ်မံရှိသေးကြောင်း သိရှိရသဖြင့် ၎င်းနေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်နှင့် အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၉၇၈) ပြား၊ ပွိုင့်-၂၂ ကျည် (၄၀) တောင့်၊ ၉မမ ကျည် (၂) တောင့်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၀၁၆) ပြား (ကာလတန်ဖိုး-၅၀၈၀၀၀၀ ကျပ်) နှင့် ပတ်သက်၍ ကြည်သူ အားမေးမြန်းရာ၌ လွန်ခဲ့သော (၆) ရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးစူမြို့ (၄) ရပ်ကွက် ဥဒေါင်းကန်ရပ် (၉) ခန်းတွဲလိုင်ခန်းတန်းလျားနေ အမျိုးသမီးတစ်ဦးထံမှ ဆေးပြား (၁) ပြားလျှင် (၁၀၀၀) ကျပ် နှုန်းဖြင့် ပြန်လည်ရောင်းချရန်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ပွိုင့်-၂၂ သေနတ်နှင့် ကျည် (၄၆) တောင့်၊ ကျည်ကတ် (၁) ခု၊ ၉မမ ကျည် (၂) တောင့်တို့မှာ ဘုရားသုံးဆူမြို့၊ (၄) ရပ်ကွက်နေ ကိုမျိုး ဆိုသူထံမှ ထိုင်းဘတ်ငွေ (၄) သောင်း ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုပွန်နယ်မြေရဲစခန်းမှ ကြည်သူ နှင့် ဟိန်းမင်းစိုး တိုး (၂) ဦးအား မယ (ပ) ၉/၂၀၁၆၊ မူးယစ်/စိတ်ပြောင်းပုဒ်မ ၁၅/၁၉ (က)/၂၂ (ခ) အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးမိရေးအတွက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်

သတင်း – ချမ်းစွန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.