ကျိုက်ထို၊ မေ ၂၈ သတင်း – မင်းဥဒါန်း

ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဈေးကြီးရှေ့တွင် မေလ(၂၈)ရက်နေ့က ကျင်းပပြုလုပ်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာကြရန် အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

final-logo

အဆိုပါ ပညာပေးဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင် ဆောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံတို့အပြင် ရဲမှူးဝင်းမြင့်မှလည်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများနှင့် ယာဉ်အန္တရယ်များအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များ ဝေငှခဲ့သည်။

“လူတွေကတော့အခက်သားဗျ၊ စည်းကမ်းတွေဘယ်လိုဘဲထုတ်ထုတ်၊ ဘယ်လိုဘဲအရေးယူဆောင်ရွက်နေပါစေ လိုက်နာသူကတော့တော်တော်နည်းတယ်။ အခုလည်းကြည့် လာတဲ့သူအများစုဆိုင်ကယ်သာစီးနေကြတယ် ဆိုင်ကယ်ဦးထုတ်ဆောင်းလာသူရှိလွန်ရင် တစ်ဆယ်၊ နှစ်ဆယ်အများဆုံးဘဲ။ ကိုယ့်အသက်အန္တရာယ်ကိုမနှမြောကြရော့လေသလားမသိဘူးဗျာ”ဟု ကံ့ကော်ရပ်ကွက်က ကိုကံကြီးကပြောသည်။

ယင်းနောက်ဆိုင်ကယ်ဦးထုတ်မပါရှိသူ ဆိုင်ကယ်မောင်းနှင်သူ (၁၂၀)ဦးတို့အား ခန့်မှန်းတန်ဖိုးငွေ (၅၂၈၀၀၀)တန်ဖိုးရှိ ဆိုင်ကယ်ဦးထုပ်များပေးဝေခဲ့ကြောင်းလည်းသိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.