စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟု သိရသည်။
စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပနိုင်ရန်အတွက် ရခိုင်သတင်းမီဒီယာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ကြသည်။
ညီလာခံကို မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသွားမည်ဟုလည်း ဆုံးဖြတ် ထားကြသည်။
တိုင်းရင်းသား မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား မီဒီယာအဖွဲ့များ ပါဝင်သည့် မြန်မာသတင်းသမဂ္ဂ (BNI) က ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်မှစကာ တိုင်းရင်းဒေသတွေမှာ တိုင်းရင်းမီဒီယာ ညီလာခံကို အလှည့်ကျ ကျင်းပသွားမည်ဖြစ်သည်။
ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စတင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်းကောင်း တတိယအကြိမ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင်လည်းကောင်း နှစ်စဉ် ကျင်းပလာခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.