NMSP

NCA ကို လက်ခံသော်လည်း တန်းတူအခွင့်အရေး မရရှိသေးသည့်အတွက် ပင်လုံညီလာခံ မွန်ပြည်သစ် မတက်ရောက်

နေပြည်တော်၊ မေ ၂၅ – မွန်ပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) လမ်းစဉ်အတိုင်း ဆောင်ရွက်လိုသော်လည်းအားလုံး ပါဝင်နိုင်ရေး နှင့် တန်းတူအခွင့်အရေးမရရှိသေးသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီ နှင့် KNU ပစ်ခတ်မှု ထပ်ဖြစ်

|Dawei Watch| မော်လမြိုင်၊ အောက်တိုဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အခြေစိုက် လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ(NMSP)နှင့် ကရင်အမျိုးသား အစည်း အရုံး(KNU)တို့အကြား ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း နှစ်ဘက် တာဝန်ရှိသူတို့က အတည်ပြုပြောခဲ့သည်။

ကအဲန်ယူနှင့် မွန်ပြည်သစ်ပါတီ ရေဖြူမြို့နယ်တွင် တိုက်ပွဲငယ်ဖြစ်

ရေဖြူ၊ စက်တင်ဘာ ၈ ၂၁ ရာစုပင်လုံညီလာခံကျင်းပပြီး (၅) ရက်အကြာ စက်တင်ဘာ (၈) မွန်းလွဲပိုင်းက မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အစပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအုပ်စု သဲချောင်းဖျားကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများထံမှသိရသည်။