ရွေးကောက်ပွဲ

မုဒုံကျောက်တလုံးတွင် ပြည်သူ့လွှတ်တော်မဲပုံးမှ မဲ(၅၀)ခန့် အမျိုးသားလွှတ်တော်မဲပုံးသို့ မှားယွင်းထည့်မိ

မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာမဲရုံအမှတ်(၃)ဖြစ်သည့် ခမရ (၂၁၀)ကျောင်း မဲရုံတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်လက်မှတ်(၅၀)ခန့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပုံးထဲသို့ မှားယွင်း ထည့်သည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို မြို့နယ်စိစစ် ညှိနှိုင်းရေးကော်မတီနှင့် ပါတီကိုယ်စားလှယ်များမှ စုပေါင်းဆွေးနွေးသွားမည်ဟု သိရ

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေးတပ် မဲရုံတွင် ပြည်ခိုင်ဖြိုး အပြတ်အသတ်နိုင်

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေး တပ်မဲရုံတွင် မဲထည့်သူ ကုန်သွားပြီ ဖြစ်သောကြောင့် မဲရေတွက်ပြီးစာရင်းထုတ်ပြန်ရာ ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရရှိပါသည်။

ထန်းပင်ချောင်ကြီးမဲရုံ(၁)တွင် မဲပေးခွင့်မရသူများ မဲပေးသဖြင့် တိုင်ကြားခံရ

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ မဲရုံအမှတ်(၁) အမကရွာလေး(၁)တွင် မဲပေးခွင့်စာရင်းတွင်မပါသူများကို ကျေးရွာကော်မရှင်မှ မဲပေးခွင့်ပြုခဲ့သဖြင့် တိုင်ကြားရာ မြို့နယ်ကော်မရှင်ဥက္ကဌ ဦးမြင့်အောင်မှ ဦးဆောင်ပြီး စည်းဝေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မဲပေးခွင့်စာရင်းတွင်မပါဘဲ မဲပေးခွင့်ရရှိသွားသူမှာ ဦးကျော်စိုးဝင်းဖြစ်ကြောင်း သိရသည်။ နေ့လည် ၁း၅၀ နာရီ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) – သတင်းဓာတ်ပုံ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) အထကအဆောင်(၁)တွင် မဲပေးရန် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်နိုင်ငံသားများကို တွေ့ရပါသည်။ နေ့လည် (၁း၀၀)နာရီ သတင်းဓါတ်ပုံ – KR

မော်လမြိုင် လှိုင်မဲရုံတွင် ကရင်တိုင်းရင်းသားများမဲပေးရန်ရှိသော်လည်း မဲပုံးထောင်ထားခြင်းမရှိ

မော်လမြိုင်မြို့နယ်၊ လှိုင်မဲရုံအမှတ်(၁) အထက(၂)လှိုင်တွင် မဲပေးရန်အတွက် ကရင်တိုင်းရင်းသား(၇)ဦးရှိသော်လည်း ကရင်တိုင်းရင်းသားရေးရာ မဲပုံးထားထားခြင်း မရှိသည့်အတွက် ကရင်ပြည်သူ့ ပါတီမှ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း နော်ဆာထူးမှ ရပ်ကွက်ကော်မရှင် ဥက္ကဌနှင့်တွေ့ဆုံပြီး ဆွေးနွေးနေပြီဖြစ်ကြောင်း သံလွင်တိုင်းမ်သတင်းထောက်မှ သတင်းပေးပို့ပါသည်။ နေ့လည် ၂း၃၀ သတင်းဓါတ်ပုံ – SNMA

အုပ်ချုပ်ရေးမှူးရုံးဖြိုချလို့ ယင်းရုံးနှင့်တွဲလျှက် ရပ်/ကျေးကော်မရှင်ရုံး အခက်ခဲဖြစ်

“ရုံးမှာ သူတို့က အဲ့ဒီလိုဖြိုဖျက်ထားလိုက်ကြတော့ ဘယ်လိုမှ ကျနော်တို့အလုပ် လုပ်လို့ မရတော့ဘူး၊ ပုံစံ ၈ ကိစ္စကလည်း ရက်ကပ်နေပြီး” ဟု ကျွဲခြံ ရပ်/ကျေးကော်မရှင် ဥက္ကဌ ဦးငွေရက ပြောသည်။

မြို့နယ်အချို့တွင် မဲပေးပုံ ပေးနည်း သေချာနားမလည်လို့ ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုနည်းပါး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။ “ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။ ၎င်းပြင်…

မြဝတီ ဒေသခံအများစု မဲပေးပုံ ပေးနည်းနှင့်ပတ်သက်ပြီး အားနည်းမှုရှိနေဆဲ

အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သော်လည်း မြဝတီမြို့နယ်အတွင်းရှိ မဲဆန္ဒပြည်သူလူထုအများစုက မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် ဗဟုသုတ သိရှိနားလည်မှု အားနည်းနေဆဲဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးနေသူတို့ထံမှ သိရသည်။ ဒေသခံမဲဆန္ဒရှင်တို့က မဲပေးခြင်းဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန် ကျေပြွန်ရမည်ဟူသော ခံယူချက်ရှိကြသာ်လည်း လွှတ်တော်အသီးသီးအတွက် အနည်းဆုံးမဲ (၃) ပြားပေးရန်နှင့် တိုင်းရင်းသားဖြစ်ပါက နောက်ထပ်…

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မုဒုံတွင် ဇုန် ၇ ခု သတ်မှတ်ပြီး လုံခြုံရေးစောင့်ကြပ်မည်

နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိင်ရေးအတွက် မုဒုံမြို့နယ်အတွင်းတွင် ဇုန် ၇ ခု သတ်မှတ်ပြီး လုံခြုံရေး အပြည့်အဝဆောင်ရွက်သွားမည်ဟု မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မုဒုံအတွင်း ရပ်ကွက် ၉ ခုနှင့် ကျေးရွာအုပ်စု ၃၃ အုပ်စုအတွက် မဲရုံ ၁၀၂ ရုံတွင် ဇုန်…

လုံခြုံရေးအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၄၁) ခု မဲရုံမဖွင့်လှစ်နိုင်

လက်ရှိအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၅၁) ခုရှိသည့်အနက် ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၄၁) ခုတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ မဲပေးခွင့် အခွင့်အလမ်းနည်းပါးတယ်လို့လည်း ဦးကျော်ဝင်းမောင်က ပြောသည်။