ရေး

ရေးမြို့ လဝကရုံးဝန်ထမ်းတစ်ဦး ပထမဆုံးအကြိမ်ဝင်ပြိုင်သည့် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ဒုတိယဆုဆွတ်ခူးရရှိ

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုလဝကမှူးအဆင့်ရှိ ဦးစိုး သက်သည် ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု အရေးပြိုင်ပွဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဝါသနာအရှင်-အရေး (ဒုတိယတန်း)တွင် ဒုတိယဆုဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။

ခေါဇာမြို့၊ ဓမ္မသတ်ကမ်းခြေဝန်းကျင် မြေတစ်ဧကဈေးနှုန်း ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာ

ရေး ၊ အောက်တိုဘာ ၂၅ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညဲကျေးရွာအုပ်စု၊ တရုတ်ထောက်ကျေးရွာအနီးရှိ ဓမ္မသတ်ကမ်း ခြေဝန်းကျင်အတွင်း လုပ်ငန်းရှင်အချို့ မြေနေရာဝယ်ယူမှုများရှိလာပြီး လက်ရှိပေါက်ဈေးအနေဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ခန့်အထိရှိလာကြောင်း သိရသည်။

ရေးမြို့နယ်ရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်လုပ်လိုသူများအားလုံး လိုင်စင်ရရှိရေးစီစဉ် ဆောင်ရွက်နေ

ရေး ၊ အောက်တိုဘာ ၂၄ ရေးမြို့နယ်အတွင်းရှိ “က” ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်လိုသူများအားလုံး လိုင်စင် ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအတွင်း စာရင်းလိုက်လံတောင်းခံလျက်ရှိနေပြီး ကောက်ယူရရှိ လာမည့်စာရင်းများအရ အားလုံးပြုလုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်း ရေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စကောတလန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ရေးမြို့နယ်ရှိ ကလေးများအား တုတ်ထိုးအရိပ်ရုပ်သေး ပညာ လာရောက်သင်ကြား

ရေး ၊ အောက်တိုဘာ ၂၄ သစ်ပင်သစ်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန်များအပေါ် လေးစားချစ်ခင်လာစေရေးအတွက် စကော့တလန်နိုင်ငံမှ ပညာရှင်ဇနီးမောင်နှံသည် အောက်တို ဘာလ ၂၃ ရက်နေ့က ရေးမြို့သို့လာရောက်ပြီး ကလေးငယ်များအား သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်မှုရှိသည့် ဇာတ်လမ်း၊ ပုံပြင်များပါဝင်သော တုတ်ထိုးအရိပ်ရုပ်သေးအကများဖြင့် သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။

“ ပင်လယ်ပြင်ထဲက ပြန်လမ်းမရှိ ဘဝအချို့”

ရဲနိုင်ဦး မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀ မှ ၆၀ ကြား ကပ္ပလီပင်လယ် ပြင်ကြီးနဲ့အတူ ကျွန်းကြီး၊ ဝါးကျွန်း၊ နတ်ကျွန်း၊ ငှက်ပျောကျွန်းတွေနဲ့ သာယာလှပလို့နေပါတယ်။ သာယာလှပတဲ့ အဲဒီပင်လယ်ပြင်ထဲမှာတော့ အရုပ်ဆိုးအကျည်းတန်စရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေပါ တယ်။

မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်လိုပါက အစိုးရအသိအမှတ်ပြုသည့်ဆေးကုဌာနတွင်သာ ကုသသင့်

ရေး ၊ အောက်တိုဘာ ၁၈ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ကုသလိုသည့်သူများအနေဖြင့် ပြင်ပဆေးခန်းတွင် ဆေးကုမည့်အစား အစိုးရ အသိအမှတ်ပြု ဆေးကုဌာနတွင်သာ ကုသသင့်ကြောင်း မော်လမြိုင်မြို့ဆေးရုံကြီး(စိတ်ကျန်းမာ)မှ အထူးကု ဆရာဝန်ဒေါက်တာဝင်းကျော်သူက သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်ရှိ ဥပဓိရုပ်မကောင်းသည့်ကျောင်းများနှင့် တဲသာသာဖြစ်နေသည့်ကျောင်းများအား ဦးစားပေးအစီအစဉ်အလိုက် ရံပုံငွေချထားပေးနေ

ရေး ၊ အောက်တိုဘာ ၁၈ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ဥပဓိရုပ်မကောင်းခြင်းနှင့် တဲသာသာဖြစ်နေသည့် ကျောင်းဆောင်များအား ပြုပြင်တည်ဆောက်ရေးအတွက် ဦးစားပေးအစီအစဉ်အလိုက် ရံပုံငွေများ ချထားပေး လျက်ရှိကြောင်း ရေးမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက သံလွင်တိုင်းမ်သို့ ပြော သည်။

ဝါဆိုသံဃာစာရင်းတွင် ၃ နှစ်ဆက်ပါရှိမှသာ သာသနာဝင်နှင့် သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရေး ၊ အောက်တိုဘာ ၁၇ ရေးမြို့နယ်အတွင်း သာသနာဝင်/သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားပြုလုပ်လိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဝါဆိုသံဃာစာရင်းတွင် ၃ နှစ်ဆက်ပါရှိမှသာ ပြုလုပ်ဆက်ကပ်ပေးနေကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က သံလွင်တိုင်းမ်သို့ ပြောသည်။

သဘာဝကပေးတဲ့အရင်းအမြစ်များနဲ့ အောင်မြင်မှုအစပျိုးလာတဲ့ ဓမင်းဆိပ်ရေတံခွန်

မိသားစုအတွက် ပိုင်ဆိုင်သည့်ရော်ဘာခြံအတွင်း ရေကူးရန် လျှောလမ်းလေးတစ်ခု စတင်လုပ်ကိုင်ရင်းဖြင့် ရေးမြို့နယ်အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနဲ့ စည်ကားစပြုလာတာက ဓမင်းဆိပ်ရေတံခွန်ပါ။

ရေးမြို့နာရေးကူညီမှုအသင်းမှ တစ်နှစ်တာအတွင်း ပြည်သူ့တိုက်ရိုက်အကျိုးပြုလုပ်ငန်းများအတွက် ငွေသိန်း ၆၀၀ နီးပါး ကူညီပံ့ပိုး

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့၊ မြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အသင်း၏လုပ်ငန်းခွဲများ ဖြစ်သော နာရေးကူညီမှုလုပ်ငန်း၊ အောက်ဆီဂျင်လုပ်ငန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းလုပ်ငန်းတို့မှ ငွေကျပ်သိန်း ပေါင်း ၆၀၀ နီးပါး ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။