မုဒုံမြို့နယ်ရှိ နာမည်ကြီးဂျိုကာတံတားအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး
မုဒုံ အောက်တိုဘာ ၂၅ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လှုံကျေးရွာအကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ဂျိုကာ တံတားအနီး၌ အောက်တိုဘာ(၂၄)ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။