ချမ်းစွန်း

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေသော်လည်း တိုးတက်မှုနှေးဟု ဦးစိုင်းညွန့်လွင်ပြော

မော်လမြိုင်၊ ဇွန် ၁၆ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရကြားငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုများမြန်ဆန်သော်လည်း တိုးတက်မှုနှေးနေသည်ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

ယာယီရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် သက်သေခံ လက်မှတ်များထုတ်ပေးခြင်းမရှိဟုဆို

မော်လမြိုင်၊ ဇွန် ၃၀ ယာယီရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းမရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က လွှတ်တော်တွင် ဖြေကြားသည်။

ဈေးကြိုရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မော်လမြိုင်၊ ဇွန် ၂၈ရက် မော်လမြိုင်မြို့ဈေးကြိုရပ်ကွက်တွင် လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်းထုတ်ပေးသည့်ကိစ္စကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကန့်ကွက်

မော်လမြိုင်၊ ဇွန် ၂၇ ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းကိစ္စသည် လုပ်ထုံးစနစ်နည်းလမ်းမကျသည့် အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဇွန်လ (၂၇) ရက်တွင် ကန့်ကွက်ကြောင်း တာဝန်ရှိသူများထံ စာပေးပို့ခဲ့သည်။

ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အလင်းဝင်လက်နက်အပ်

ရေး၊ ဇွန် ၂၅ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ နိုင်လှသောင်းဦးစီးသော မွန်လက်နက်ကိုင်တပ်ဖွဲ့မှ အင်အား(၂၀)ဦးဖြင့် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် အလင်းဝင်လက်နက်အပ်ခဲ့ကြောင်း လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။