ချမ်းစွန်း

တိုင်းရင်းသားများ လက်နက်ကိုင်အဖွဲ့အစည်းများ လိုချင်သည့် (၃) ပွင့်ဆိုင် ဖြစ်မလာသည့်အတွက် (၂၁) ပင်လုံ ဆွေးနွေးပွဲ တန်းတူမှုမရှိဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၂ မိုင်ဂျာယန်အစည်းအဝေးဆုံးဖြတ်ချက်မှ (၃)ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မလာသည့်အတွက် ၂၁ပင်လုံညီလာခံမှာ တန်းတူမှုမရှိဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ သိရသည်။

ကျိုက်ထီးရိုးက အခန်းပိုတွေ တစ်လအတွင်း ဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်အသနားခံစာတင်ထားရာတွင် ပြည်ထောင်စုမှ ဆုံးဖြတ်မည့်အပေါ် ပြည်နယ်အစိုးရလိုက်နာမည်

မော်လမြိုင်၊ ဇူလိုင် ၁၆ ကျိုက်ထီးရိုးတောင်ပေါ်က ရိုးရိုးလေးဟိုတယ်ရှိအခန်းပိုများအား တလအတွင်းဖျက်ရမည့်ကိစ္စအပေါ် ပိုင်ရှင်က အသနားခံစာတင်ထားသည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရကလိုက်နာ သွားမည်ဟု မွန်ပြည်နယ်အစိုးရရုံးမှသိရသည်။

ပြင်ပပညာရှင်(သို့) လွှတ်တော်ကိုယ်စားလှယ်ထဲမှကိုယ်စားလှယ်အား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပူးတွဲတာဝန် ယူထားသည့် ဌာန(၂)ခုကို ပြန်လွှဲရန်စီစဉ်

မော်လမြိုင်၊ ဇူလိုင် ၂၅ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ ပူးတွဲတာဝန်ယူထားသည့် ဌာန(၂)ကို ပြင်ပပညာရှင်(သို့) ကိုယ်စားလှယ်ထဲမှ ကိုယ်စားလှယ်အား တာဝန်များကိုပြန်လည်လွှဲအပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးမှ သိရ သည်။

ယခင်အစိုးရဆိုင်းငံ့ထားတဲ့ စီမံကိန်း(၆)ခု ယခုထိရပ်ထားဆဲဖြစ်ကြောင်း မွန်ဝန်ကြီးချုပ်ဆို

မော်လမြိုင်၊ ဇူလိုင် ၂၆ NLD အစိုးရဆောင်ရွက်ရန် ယခင်အစိုးရဆိုင်းငံ့ထားသည့် စီမံကိန်း(၆)ခုကို ရပ်ထားဆဲဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦးက ပြောသည်။

ပြည်ထောင်စုအဆင့် တာဝန်ယူထားသည့် နိုင်သက်လွင်အားပါတီအတွင်း တာဝန်လျှော့ထားမှုအပေါ်ပြန်လည် စိစစ်ပေးရန် တောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၄ ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်အား မွန်အမျိုးသားပါတီမှ ပါတီ အတွင်းတာဝန်လျှော့ထားမှုအပေါ် ပြန်လည်စိစစ်ပေးရန် ၎င်းမှတောင်းဆိုစာတင်ပြခဲ့သည်ဟု သိရသည်။

ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့်လက်နက်ကိုင်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီခွဲထွက်မဟုတ်ကြောင်းဆို

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် မွန်ဓါးပြအဖွဲ့များကို မွန်ပြည်သစ်ပါတီမှခွဲထွက်သည့် တပ်ဖွဲ့မဟုတ်သည့်အတွက် မွန်ပြည်သစ်ခွဲထွက်အဖွဲ့မဟုတ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုလိုက် သည်။

၂၁ပင်လုံညီလာခံမတိုင်ခင် မွန်ပြည်သစ်ဦးဆောင်သည့် ကွန်ဖရင့်တရပ်ကျင်းပမည်

မော်လမြိုင်၊ ဇူလိုင် ၁၂ ၂၁ပင်လုံညီလာခံတွင် မွန်ကိုယ်စားပြုကိုယ်စားလှယ်များအသံတသံတည်းထွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး ကွန်ဖရင့်တရပ်ကျင်းပမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံမှသိရသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် တန်ဖိုးနည်းနစ်နာကြေးဖြင့် ဝယ်ယူထားသည့် လယ်မြေများကို ပြန်လည် ပေးအပ်ရန် မူလပိုင်ရှင်ပြန်လည်တောင်းဆို

ကျိုက်မရော၊ ဇူလိုင် ၁၂ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မယ်ကရိုနှင့် ကော့ဒွန်း-ကော့ပနော့ကျေးရွာအနီးတွင် June ကုမ္ပဏီမှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံဆောက်လုပ်ရန် တန်ဖိုးနည်းနစ်နားကြေးဖြင့် ဝယ်ယူထားသည့် လယ်မြေများကို ပြန်လည်ပေးအပ်ရန် မူလပိုင်ရှင်များက ပြန်လည်တောင်းဆိုခဲ့သည်။

အစိုးရသစ်အနေဖြင့် အမျိုးသမီးကဏ္ဍကို အာရုံစူးစိုက်မှုအားနည်းဟု အမျိုးသမီးလှုပ်ရှားသူများဆို

မော်လမြိုင်၊ ဇူလိုင် ၇ ယခုလက်ရှိ အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်နိုင်ရေးအတွက် လက်တွဲခေါ် ဆောင်မှုအားနည်းနေသည်ဟု အမျိုးသမီးလှုပ်ရှားသူများအဖွဲ့က ပြောသည်။