၁ ရာစုပင်လုံ အတွက် မွန်CSOs များ ကြိုတင်ပြင်ဆင်
မော်လမြိုင် ဇွန်၂၈ ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီခံသို့ တင်ပြနိုင်ရန် မွန်ဒေသတစ်နံတစ်လျားရှိ မွန်အရပ်ဘက် အဖွဲ့အစည်းများက စုစည်းပြီး အောက်ခြေလူထုသဘောထားရယူဖို့ အကြို ပြင်ဆင်မှု တွေ့ဆုံပွဲတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့များတွင် မော်လမြိုင်မြို့တွင် စီစဉ်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ မြို့နယ်စည်ပင်ကော်မတီနှင့် စည်ပင်အဖွဲ့များအား ပထမဦးဆုံးအကြိမ် သီးခြားတွေ့ဆုံ
မော်လမြိုင်၊ ဇွန် ၃၀ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိများကို ပထမဦးအကြိမ်တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။
အာဇာနည်နေ့အထိမ်းအမှတ် စုပေါင်းကဗျာစာအုပ်ထုတ်ဝေမည်
မော်လမြိုင်၊ ဇူလိုင် ၁ အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိကြောင်း ကဗျာစာအုပ် စီစဉ်နေ သူ ကဗျာဆရာဂိုးဂိုးမောရမြိုင်ထံမှသိရသည်။
အများသောက်သုံးရေကန်မြေဖို့ပြီး အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား ဖြေရှင်းရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားတင်ပြတောင်းဆို
ပေါင်၊ ဇွန် ၂၆ အများသုံးသောက်ရေကန်အား မြေဖို့ပြီး အိမ်ကွက်ချရောင်းစားထားခြင်းကိစ္စအား ဖြေရှင်းရန် ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းအား တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
ရေးမြို့၊ ကျုံးအတွင်း တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးသေဆုံးမှု စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ
ရေး ၊ ဇွန် ၃၀ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းကျုံးတော်ကြီးအပေါ်ကျုံးထဲတွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မိန်းကလေးတစ်ဦး၏အလောင်းတစ်လောင်း ပေါ်ပေါက်ခဲ့သဖြင့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။
မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်း
မော်လမြိုင် ဇွန် ၃၀ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ဖွဲ့စည်ရေး ပထမအကြိမ်အစည်းအဝေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဇွန်လ၃၀ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် စတင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
မြဝတီမှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူ
သထုံ၊ ဇွန် ၂၈ မြဝတီမြို့မှ တင်ဆောင်လာသည့် ကွမ်းသီးအခြောက် အိတ်ပေါင်း(၁၄၈၀)အိတ်တင်ဆောင်လာသော ကားကို ဒုံသမိတံတားအနီးတွင် ဇွန်လ(၂၈)ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။
ယာယီရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် သက်သေခံ လက်မှတ်များထုတ်ပေးခြင်းမရှိဟုဆို
မော်လမြိုင်၊ ဇွန် ၃၀ ယာယီရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သည့် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်းမရှိဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က လွှတ်တော်တွင် ဖြေကြားသည်။
ရေတံခွန်အပျော်ခရီးမှပြန်လာသော ဆိုင်ကယ်စီးလူငယ်(၂)ဦး ကားတိုက်မှုကြောင့် သေဆုံး
ပေါင်၊ ဇွန် ၂၈ ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့ပြီး သထုံမြို့သို့ပြန်သည့် လူငယ်နှစ်ဦးစီးလာသောဆိုင်ကယ်တစ်စီးမှာ မျက်နှာချင်းဆိုင်မှလာသည့်ကားတစ်စီးကိုတိုက်မိခဲ့၍ ကားကြိတ်ခံရပြီး နေရာ၌ပင်နှစ်ဦးစလုံးသေဆုံးခဲ့မှု ပေါင်မြို့ကတွန်ကျေးရွာတွင် ဇွန်လ၂၈ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် NLD ၏ မျှဝေခြင်းအစီအစဉ်အရ သက်ဆိုင်ရာကျောင်းများအရောက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့လှူဒါန်းမှု ပြုလုပ်လျက်ရှိ
ရေး ၊ ဇွန် ၂၈ လိုအပ်သည့် ကျောင်းသားကျောင်းသူများအား ပံ့ပိုးကူညီထောက်ပံ့လှူဒါန်းမည့် ရေးမြို့နယ် NLD ၏မျှဝေခြင်းအစီအစဉ်အရ ယခုလ တတိယပတ်မှစတင်ကာ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရေးမြို့နယ်NLD တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။