ချောင်းဆုံမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တွေ့ရှိနေ
မော်လမြိုင် ၊ အောက်တိုဘာ(၂၁) မွန်ပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနှုန်း သိသိသာသာကျဆင်းလာပေမယ့် ချောင်းမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ နေ့စဉ်နဲ့အမျှ တွေ့ရှိနေဆဲ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်လူနာတွေ့ရှိမှုအရ မွန်ပြည်နယ် တစ်ခုလုံးမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၈၀၀ ကျော် တွေ့ရှိခဲ့ပြီး ချောင်းဆုံမြို့နယ် တစ်ခုတည်းမှာပဲ ကိုဗစ်အတည်ပြုလူနာ…
Radio Than Lwin Times(Episode 18/10)
https://www.youtube.com/embed/PJSvLdA7yVE
ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဆီ ထွက်ပြေးနေရ
ရန်ကုန်၊ အောက်တိုဘာ ၂၀ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့်အတူ နိုင်ငံအာဏာကို ရယူထားသည့် စစ်ခေါင်းဆောင်သည် နိုင်ငံနယ်စပ် တလျှောက်ရှိ ခုခံအင်အားကို ဖယ်ရှားနိုင်ရန်အတွက် စစ်ဆေးရေးများတိုးမြှင့်လုပ်ဆောင်လာသောကြောင့် မြန်မာနိုင်ငံရှိ လယ်သမားများနှင့် ကလေးငယ်များအပါအဝင် ယင်းတို့၏ မိသားစုဝင်များသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးနေကြရသည်။ တပ်မတော်ဟု လူသိများသော မြန်မာစစ်တပ်သည် ထောင်နှင့်ချီသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များ၏ တည်ရှိရာနေရာများသို့ အဓိကထား၍ စစ်ဆင်ရေးများကို…
အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရဘူးလို့ လွတ်မြောက်လာသူတွေပြော
မော်လမြိုင် ၊ အောက်တိုဘာ (၂၁) မွန်ပြည်နယ်အတွင်းမှာ ဗဟိုအကျဉ်းထောင်၊ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းပေါင်း ၁၀ ခုရှိပြီး အဲဒီထဲမှာတော့ အကျဉ်းသူ၊အကျဉ်းသားနဲ့ အချုပ်သူ၊အချုပ်သား ၃၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံရသူတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြသလို သောက်ရေကအစ အခက်အခဲရှိနေတယ်လို့ ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက…
စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ထပ်ဆင့်ဖြန့်ဝေပေးဖို့ Non CDM ဝန်ထမ်းမိသားစုတွေကို စည်းရုံး
မော်လမြိုင် ၊ အောက်တိုဘာ (၂၁) လူမှုကွန်ယက် Facebook စာမျက်နှာမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို Non CDM ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ ထပ်ဆင့်မျှဝေပေးကြဖို့ စစ်ကောင်စီဘက်က စည်းရုံးခိုင်းနေတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။ အာဏသိမ်း စစ်ကောင်စီဟာ Non CDM နိုင်ငံဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို သူတို့ ဖော်ပြနေတဲ့ ဝါဒဖြန့်သတင်းတွေအား ထပ်ဆင့်မျှဝေတာ၊ ကူးယူဖော်ပြတာနဲ့…
Radio Than Lwin Times(Episode 17/10)
https://www.youtube.com/embed/L3rCrV-V3Hs
ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ရောက်မှ ဈေးတွေ ပြန်ဖွင့်ပေးမယ်လို့ စစ်ကောင်စီ ပြော
မော်လမြိုင် ၊ အောက်တိုဘာ (၂၀) မွန်ပြည်နယ်မှာ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ဈေးတွေမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်း အောက်ရောက်မှ ပြန်လည် ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ Stay at Home မြို့နယ်တွေက ဈေးသူဈေသားတွေကို…
ဘားအံမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ပိုလုပ်လာ
မော်လမြိုင်၊ အောက်တိုဘာ ၂၀ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဗုံးတွေ့ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့တွင်းထဲသာမက မြို့အ၀င်အထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးပြီး ရှာဖွေစစ်မှုတွ ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ မြို့ခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဘားအံမြို့ ကား၀င်းကြီးဟောင်းရှေ့မှာ မနေ့ အောက်တိုဘာ ၁၉ ရက်က ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီရဲတပ်ဖွဲ့တွေက ဗုံးရှာဖွေရေးကိရိယာတွေနဲ့ လာရောက်ရှာဖွေစစ်ဆေးကာ အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ရှာဖွေစစ်ဆေးနေတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါ့အပြင်…
လာမည့် ၆ လမှာ တော်လှန်ရေးကိုအဆုံးသတ်ဖို့ NUG စဉ်းစားနေ
မော်လမြိုင်၊ အောက်တိုဘာ ၂၀ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူမှု (၆)လပြည့်ပြီးနောက် လာမည့် (၆)လအကြာမှာ တော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်ဖို့ ကြိုတင်ပြင်ဆင်စဉ်းစားဖို့လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၂၈/၂၀၂၁)ခုနှစ်ရဲ့ အစည်းအဝေးမှာ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က ခြောက်လတာတော်လှန်ရေးခရီးအောင်မြင်မှု၊ ကျရှုံးမှုနှင့် စိန်ခေါ်မှုများကို သုံးသပ်ရန်ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံစစ်ကို စတင်ကြေငြာခဲ့သည် စက်တင်ဘာလ (၇)ရက်နေ့ကစတင်ပြီး တိုးတက်အောင်မြင်မှုများစွာရရှိခဲ့သည်ဟုလည်း NUG က…
ထိုင်းနိုင်ငံတွင် ဘဏ်ငွေကြေးခဝါချမှုများကို အွန်လိုင်းစနစ်ဖြင့် စုံစမ်းစစ်ဆေးသွားမည်
ဘန်ကောက်၊ အောက်တိုဘာ ၁၉ ထိုင်းနိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုချက်မဲ့ငွေကြေး လွှဲပြောင်း/အရောင်း အဝယ်ဆိုင်ရာ ကိစ္စရပ်များကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သည် အနည်းဆုံး ဘတ် ၁၀ မီလီယမ်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်ဟု ပြောဆိုချက်များထွက်ပေါ်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ယင်းနှင့်ဆက်စပ်သည့် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လာနေပါသည်။ ဆိုင်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေးဗျူရို၏ အရာရှိဖြစ်သူ ရဲဘက်ဒုတိယဗိုလ်ချုပ်ကြီး Kornchai Klaiklung က ဖြေရှင်းနိုင်မည့်…