မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅) – သတင်းဓာတ်ပုံ

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက် မဲရုံအမှတ်(၅) အလကတောင်ဝိုင်း မဲရုံတွင် မဲပေရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် နိုင်ငံသားများကိုတွေ့ရပါသည်။ နေ့လည် ၁၂း၁၀ နာရီ သတင်းဓါတ်ပုံ – MMZT

မုဒုံကျောက်တလုံးတွင် ပြည်သူ့လွှတ်တော်မဲပုံးမှ မဲ(၅၀)ခန့် အမျိုးသားလွှတ်တော်မဲပုံးသို့ မှားယွင်းထည့်မိ

မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာမဲရုံအမှတ်(၃)ဖြစ်သည့် ခမရ (၂၁၀)ကျောင်း မဲရုံတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်လက်မှတ်(၅၀)ခန့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ပုံးထဲသို့ မှားယွင်း ထည့်သည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားမည်ကို မြို့နယ်စိစစ် ညှိနှိုင်းရေးကော်မတီနှင့် ပါတီကိုယ်စားလှယ်များမှ စုပေါင်းဆွေးနွေးသွားမည်ဟု သိရ

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေးတပ် မဲရုံတွင် ပြည်ခိုင်ဖြိုး အပြတ်အသတ်နိုင်

မော်လမြိုင်မြို့နယ်၊ ဈေးကြိုနယ်မြေ၊ မဲရုံအမှတ်(၇) တက္ကသိုလ်လေ့ကျင့်ရေး တပ်မဲရုံတွင် မဲထည့်သူ ကုန်သွားပြီ ဖြစ်သောကြောင့် မဲရေတွက်ပြီးစာရင်းထုတ်ပြန်ရာ ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရရှိပါသည်။

ထန်းပင်ချောင်ကြီးမဲရုံ(၁)တွင် မဲပေးခွင့်မရသူများ မဲပေးသဖြင့် တိုင်ကြားခံရ

ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာ မဲရုံအမှတ်(၁) အမကရွာလေး(၁)တွင် မဲပေးခွင့်စာရင်းတွင်မပါသူများကို ကျေးရွာကော်မရှင်မှ မဲပေးခွင့်ပြုခဲ့သဖြင့် တိုင်ကြားရာ မြို့နယ်ကော်မရှင်ဥက္ကဌ ဦးမြင့်အောင်မှ ဦးဆောင်ပြီး စည်းဝေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ မဲပေးခွင့်စာရင်းတွင်မပါဘဲ မဲပေးခွင့်ရရှိသွားသူမှာ ဦးကျော်စိုးဝင်းဖြစ်ကြောင်း သိရသည်။ နေ့လည် ၁း၅၀ နာရီ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) – သတင်းဓာတ်ပုံ

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ မဲရုံအမှတ်(၁) အထကအဆောင်(၁)တွင် မဲပေးရန် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်နိုင်ငံသားများကို တွေ့ရပါသည်။ နေ့လည် (၁း၀၀)နာရီ သတင်းဓါတ်ပုံ – KR

မော်လမြိုင် လှိုင်မဲရုံတွင် ကရင်တိုင်းရင်းသားများမဲပေးရန်ရှိသော်လည်း မဲပုံးထောင်ထားခြင်းမရှိ

မော်လမြိုင်မြို့နယ်၊ လှိုင်မဲရုံအမှတ်(၁) အထက(၂)လှိုင်တွင် မဲပေးရန်အတွက် ကရင်တိုင်းရင်းသား(၇)ဦးရှိသော်လည်း ကရင်တိုင်းရင်းသားရေးရာ မဲပုံးထားထားခြင်း မရှိသည့်အတွက် ကရင်ပြည်သူ့ ပါတီမှ ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း နော်ဆာထူးမှ ရပ်ကွက်ကော်မရှင် ဥက္ကဌနှင့်တွေ့ဆုံပြီး ဆွေးနွေးနေပြီဖြစ်ကြောင်း သံလွင်တိုင်းမ်သတင်းထောက်မှ သတင်းပေးပို့ပါသည်။ နေ့လည် ၂း၃၀ သတင်းဓါတ်ပုံ – SNMA

အုပ်ချုပ်ရေးမှူးရုံးဖြိုချလို့ ယင်းရုံးနှင့်တွဲလျှက် ရပ်/ကျေးကော်မရှင်ရုံး အခက်ခဲဖြစ်

“ရုံးမှာ သူတို့က အဲ့ဒီလိုဖြိုဖျက်ထားလိုက်ကြတော့ ဘယ်လိုမှ ကျနော်တို့အလုပ် လုပ်လို့ မရတော့ဘူး၊ ပုံစံ ၈ ကိစ္စကလည်း ရက်ကပ်နေပြီး” ဟု ကျွဲခြံ ရပ်/ကျေးကော်မရှင် ဥက္ကဌ ဦးငွေရက ပြောသည်။

ကဗျာ၀ ကမ်းခြေစီမံကိန်း စတင်တော့မည်

“ကဗျာဝရဲ့ သဘာဝအခြေအနေတွေဟာ မပြောင်းမလဲဘဲ၊ သူ့ရဲ့ သံယံဇတ ကြွယ်ဝမှုတွေကလည်း နဂိုအတိုင်း တည်ရှိနေတဲ့အတွက် ကမ်းခြေစီမံကိန်းကို လုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေ အနေအထားတွေနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ကို တင်ပြ လုပ်ဆောင်ခဲ့ပါတယ်”

မြို့နယ်အချို့တွင် မဲပေးပုံ ပေးနည်း သေချာနားမလည်လို့ ဆန္ဒမဲပေးရန် စိတ်ဝင်စားမှုနည်းပါး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။ “ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။ ၎င်းပြင်…

မွန်ပြည်နယ်တွင် သုံးရက်အတွင်း ကြိုတင်မဲပေးသူ ၃၅၀၀ ကျော်ရှိ

ကြိုတင်မဲ စတင်ပေးရမည့် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကြိုတင်မဲပေးသူ ၃၀၅၃ ဦးရှိပြီး ဗမာတိုင်းရင်းသားအတွက် ၃၈၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅၂ ဦးနှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅ ဦးရှိသည်။