ပအိုဝ်းပြည်သူ့စစ်အဖွဲ့ တော်လှန်ရေးမှာ ပြန်လည်ပါဝင်ပေးဖို့ PNFC နဲ့ PNLO/PNLA တိုက်တွန်း
မော်လမြိုင် ဒီဇင်ဘာ ၁၁ စစ်ကောင်စီဩဇာခံ ပအိုဝ်းပြည်သူ့စစ် PNO အနေနဲ့ ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်ရေးစေရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA တို့က တိုက်တွန်းလိုက်ပါတယ်။ PNO/PNA ဖွဲ့စည်းချိန်မှာကတည်းက ချမှတ်ခဲ့တဲ့ စစ်အာဏာရှင် စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု…
ဆောမြို့နယ် ကျောက်ထုမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးမှုတွေရှိနေ
မကွေး ဒီဇင်ဘာ ၁၁ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူတွေကို ဦးတည်ပြီး နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ ကနေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ…
ထိုင်းနိုင်ငံမှာ ပန်းရောက်ကတ် ရိုက်မယ်ဆိုရင် ဘာတွေ သိထားသင့်လဲ။
“ဒီတစ်ကြိမ်မှာ မှန်မှန်ကန်ကန်နဲ့လုပ်ဆောင်တဲ့ အေဂျင်စီကို ချိတ်ဆက်ပြီး ဆင်ခြင်တုံတရားနဲ့ အထောက်အထားကို ရအောင် လုပ်ဖို့လိုအပ်တယ်လို့ ကျွန်တော် အကြံပြုလိုတယ်။ အဲဒီလိုပါအောင် မရိုက်ဘူးဆိုရင် နောက်နောင်မှာ အထောက်အထားမဲ့အနေနဲ့ ထိုင်းနိုင်ငံမှာ စစ်ဆေးဖမ်းဆီးခံရမှာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အောင်မြင်အောင် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်” – ဦးအောင်ကျော် (အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း) မကြာမီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်အနေအထားနဲ့ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်လုပ်ခွင့်…
နိုင်ငံတကာဥပဒေကို မလိုက်နာရင် တရားစွဲမယ်လို့ မြန်မာကို ICC ရှေ့နေချုပ် သတိပေး
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေ အရှိန်ပိုမြင့်လာမယ်ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ICC ရှေ့နေချုပ် ကာရမ်ခမ်းက သတိပေးလိုက်ပါတယ်။ ICC ရဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ အရင်က မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပဲ အဓိက စုံစမ်းဖော်ထုတ်ခဲ့တာ…
အာဏာသိမ်းမှု ကာကွယ်ရေး ဖူထိုင်းပါတီရဲ့ ဥပဒေကြမ်းကို ထိုင်းနိုင်ငံရေးပါတီတွေ ကန့်ကွက်
ဘန်ကောက်၊ ဒီဇင်ဘာ ၁၁ အနာဂတ်မှာ စစ်တပ် အာဏာသိမ်းမှုတွေကို ကြိုတင် ကာကွယ်နိုင်ဖို့ အာဏာရ ဖူထိုင်းပါတီ လွှတ်တော်အမတ် တစ်ဦး တင်သွင်းတဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဥပဒေကြမ်းကို ညွှန့်ပေါင်းအဖွဲ့ဝင် UTN ပါတီနဲ့ အတိုက်အခံ PPRP ပါတီတို့ကပါ ကန့်ကွက်ခဲ့ကြပါတယ်။ UTN ပါတီ လွှတ်တော်အမတ် ပြောရေးဆိုခွင့်ရှိသူက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကိစ္စရပ်တွေမှာ…
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်း
ဆိုးလ်၊ ဒီဇင်ဘာ ၁၁ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွန်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ဟာ ထိန်းသိမ်းရေးစင်တာမှာ အောက်ခံအဝတ်အစားကို သုံးပြီး ဒီဇင်ဘာ ၁၀ ရက်က ကိုယ့်ကိုယ်ကို…
မောင်တောဒေသတစ်ခုလုံးကို AA အလုံးစုံထိန်းချုပ်
မောင်တော၊ ဒီဇင်ဘာ ၁၁ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မောင်တောဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အတည်ပြုထုတ်ပြန်ပါတယ်။ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ နောက်ဆုံးကျန်ရှိတဲ့ နခခ ၅ လို့ ခေါ်တဲ့ အမှတ်…
စစ်အာဏာသိမ်း (၁၄၀၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၀၃၅) ဦးအထိရှိလာ
မော်လမြိုင်၊ ဒီဇင်ဘာ၁၀ AAPP ရဲ့ ဒီဇင်ဘာ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၀၉) ရက်အတွင်း ပြည်သူ (၆၀၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၇၈၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၅၆၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
ရွေးကောက်ပွဲကို အင်အားတစ်သောင်းနဲ့ လုံခြုံရေးယူဖို့ စစ်ကောင်စီလျာထား
နေပြည်တော် ၊ ဒီဇင်ဘာ ၁၁ နိုင်ငံအနှံ့မတည်ငြိမ်မှုတွေကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် အင်အားတစ်သောင်းနဲ့ လုံခြုံရေးယူသွားမယ်လို့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ စစ်ကောင်စီက စကားဦးသန်းလာပါတယ်။ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီတို့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဥက္ကဋ္ဌတွေအပါအဝင် ကော်မတီဝင်တွေနဲ့ တာဝန်ရှိသူတွေ တွေ့ ဆုံခဲ့ကြတာပါ။…
မွန်ပြည်နယ်မှာ ဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို စီမံချက်နဲ့ဖမ်းဆီးနေ
မော်လမြိုင် ၊ ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူ စီနင်းမှုအပါအဝင် ဒေသန္တရအမိန့်ဖောက် ဖျက်သူတွေကို တစ်လစီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိ ရှိရပါတယ်။ စစ်ကောင်စီဟာ ဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကနေ့ ၃၁ ရက်နေ့အထိ တစ်လတာစီမံချက်နဲ့ အင်အားအများအပြား အသုံးပြုကာ လမ်းဆုံလမ်းခွတွေမှာ နေ့ရောညပါ ပိတ်ဆို့ဖမ်းဆီးနေတာပါ။ စစ်ကောင်စီ ထုတ်ပြန်ထားတဲ့…