မြဝတီနဲ့ သင်္ဃန်းညီနောင်က အရပ်သားအိမ်တွေကို တော်လှန်ရေးတပ်တွေဖောက်ထွင်းနေတယ် လို့ စစ်တပ်သတင်းမှားဖြန့်နေ
မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကရင်ပြည်နယ်၊ မြဝတီနဲ့ သင်္ဃန်းညီနောင်မြို့တွေက ပြည်သူပိုင်နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဟန်ငြိမ်းဦး၊မှိုင်းဝေနဲ့ စောဘမောင် စတဲ့ စစ်တပ်လော်ဘီအကောင့်တုတွေနဲ့ စစ်တပ်ပုံတင်ထားတဲ့…