အင်တာဗျူး

“ ပြည်သူ့ထောက်ခံမှု၊ ဝန်းရံမှုအားအကောင်းဆုံးအချိန်၊ ရေချိန်အမြင့်ဆုံးလို့ ပြောလို့ရတဲ့ ကာလပေါ့။ ကျွန်တော်အမြင်တော့ မကြာတော့တဲ့ကာလမှာ တော်လှန်ရေးရဲ့ အောင်မြင်တဲ့အသီးအပွင့်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်”

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းယူမှုအပြီး စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာ လ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (MSICC) ကနေ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်နယ်ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ…

“လူငယ်တွေက ကျွန်တော်တို့ အရင်ကရောက်ခဲ့တဲ့ ဒုက္ခတွေကို သူတို့နားလည်တယ်သိတယ်။ သူတို့ မကြောက်မရွံနဲ့ဆက်လုပ်တယ်။ အရှုံးမပေးတာ။ အဲဒါကြောင့် စစ်ကောင်စီက မီဒီယာစစ်မျက်နှာမှာ ကျဆုံးတာ။ သူတို့ရဲ့ ဝါဒဖြန့်တာတွေ ဘယ်လိုမှတိုးမပေါက်ဘူး”

မေလ ၃ ရက်ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၅၀ နီးပါး ဖမ်းဆီးထောင်ချခံထားရပြီး အဲဒီထဲက ၄ ဦးဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ သတင်းဌာန ၁၃ ခုကို လိုင်စင်ပိတ်သိမ်းထား သလို သတင်းလွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ဖိနှိပ်ထားတာပါ။ ဒါကြောင့်…

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်

စစ်အုပ်စုဟာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်တာနဲ့ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်တာတွေကို ဆက်တိုက်ကျုးလွန်နေတာပါ။ တဖက်မှာလည်း စစ်အုပ်စုဟာ နိုင်ငံတကာမှာ တရားဝင်အသိအမှတ်ခံရဖို့ ကြိုးပမ်းတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေအပေါ် ဘာတွေတင်ပြတာတွေ ရှိနေလဲ။ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု၊…

“စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုလို့သာပြောနေတာ။ သူလုပ်နေတာက အရပ်သားတွေကိုပစ်မှတ်ထား လုပ်နေတာပဲလေ။ လေယာဉ် တွေနဲ့ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ပဲ တိုက်ပွဲမဖြစ်ဘဲ နေ့ရော၊ ညရော အရပ်သားတွေ လူထုတွေပုန်းနေတဲ့ရွာတွေကို လိုက ပစ်နေတာပဲလေ”

KNU ပြောခွင့်ရ ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီ ပ ထမအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန် နေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်တာအပြင် အတွဲလိုက်ဒုံးပစ်ခတ် တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က KNU နယ်မြေထဲမှာ…

“တိုင်းပြည်မငြိမ်းချမ်းအောင် ဘယ်သူလုပ်နေလဲဆိုရင် အဲဒီအပေါ်မှာလည်း ပြည်သူတွေက တော်တော်များများ သိပါတယ်။ အဲဒီအပေါ်ကို ကြည့်ချင်းအားဖြင့် သေချာပါတယ်။ သူတို့က ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူး။ ပါးစပ်ကတော့ ပြောနေမှာပဲ”

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအ သုံးဆိုင်ရာဥပဒေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ်ဟာ ကျပ် ၂၈ ဘီယံလီကျော် ခွင့်ပြု ထားပြီး ဒီပမာဏဟာ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဘတ်ဂျက်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျှော့ကျနေတာ ဖြစ်ပါတယ်။…

ကျွန်တော်တို့အနေနဲ့က လက်နက်ခဲယမ်း ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို တိုးမြှင့်နိုင်ဖို့ ထုတ်လုပ်နိုင်စွမ်းအားတွေ မြှင့်တင်ပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ကို နံပါတ်တစ်အနေနဲ့ ကြိုးစားနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်တင်ဆင်ပေးမှု အခြေအနေ၊ လက်နက်တပ်ဆင်ပေးရာမှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။ လက်နက် လိုအပ်ချက် မြင့်မားမှုကို ဘယ်လို ဖြည့်တင်းသွားဖို့ ဆောင်ရွက်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့…

“လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ လေယာဉ်ပစ်တာတော့ ဒေသခံတွေအတွက်က အကြီးမားဆုံး လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ် မှုတော့ရှိတာပေါ့။ နေရာဒေသတဝိုက်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရတော့ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုက ပိုမိုများလာတယ်။”

KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော် လှန်ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒါကြောင့် ရွှေကုက္ကိုလ်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေ၊ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့…

“စစ်တပ်က သူတို့ကိုထောက်ခံတဲ့ လက်ညိုးထောင်ခေါင်းညိတ် ပညာရေးစနစ်ကို ဖော်ဆောင်ချင်တာ။ သူတို့ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီပညာရေးကို ဖော်ဆောင်နေတဲ့သူတွေကိုတော့ မလိုလားဘူး။ ဒါကြောင့် ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်တာလို့ ယူဆတယ်”

အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU)က ဆရာနောင်ချိုနဲ့ ဆက်သွယ်မေးမြန်းချက်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်က Federal School of Aung Myay Thar Zan အွန်လိုင်းစာသင်ကျောင်း တာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် (၁၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့မှာ သတင်း ထုတ်ပြန်ထား တယ်။…

“အကြမ်းဖက်မင်းအောင်လှိုင် စစ်တပ်လက်အောက်က အေဂျင်စီတွေ၊ စစ်တပ်ကလာတဲ့သူတွေ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီ တွေဖြစ်တဲ့အတွက် ဖြေရှင်းပေးခြင်းမရှိဘူး။ အလုပ်သမားတွေ နစ်နာတယ်။ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာမယ် ဆိုရပ်လိုက်ပါ”

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းချက်။ ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအ လုပ်သမား (၁၅၀၀)နီးပါးဟာ အခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံနေရတာတွေ ဆက် တိုက်ဖြစ်ပွားနေပါတယ်။ ဒါကြောင့် MOU မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရတဲ့ အခြေအနေ၊ အလုပ်သမား တွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး…

ဘီလူးစစ်ကြောင်းရဲ့ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့ပြောတယ်။ သေရဲတဲ့ကောင်တက်ခဲ့၊ ကျွန်တော်တို့ သေရဲတယ်ထွက်ခဲ့တယ်။ အခုချိန်မှာ မင်းဘာ ကောင်လဲ ငါဘာကောင်လဲ မေးရတော့မယ့်အချိန်ဖြစ်သွားပြီ။ သူတို့သေရဲရင်တက်လာခဲ့ ။ကျွန်တော်တို့ အညာက ထိုင်စောင့်နေမယ်” “မင်းအောင်လှိုင်ကို လျှောက်လျှောက်ပြီး မလုပ်နဲ့။ သေချာလေးစနစ်တကျပေါ့ တိုက်မှာဆိုလည်း သေချာတိုက်။ ပြည်သူအိမ်မီးမရှို့နဲ့ ပြည်သူမိန်းခလေးကို မုဒိန်းမကျင့်နဲ့ ။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ဘက်က ခွင့်လွှတ်နိုင်စ ရာမရှိဘူး။ ကျပ်မပြည့်သလို ကျပ်ပြည့်သလိုနဲ့ ဦးနှောက်တစ်ခြမ်းပဲ့ပြီးလျှောက်မလုပ်ပါနဲ့”…