နိုင်ငံတကာ

တရုတ်ဆီကနေ မြန်မာစစ်ဗိုလ်ချုပ်တွေ လက်နက်အသစ်တွေ ရရှိနေ

ရန်ကုန်၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရခိုင်မှာ ရခိုင့်တပ်တော် အေအေက နယ်မြေတွေ တစ်ခုပြီး တစ်ခု သိမ်းယူနေချိန်မှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ တရုတ်ကို အကြိမ်ကြိမ် သွားရောက်ပြီး ဘေဂျင်းအစိုးရဆီက လက်နက်အသစ်တွေ ရရှိနေတယ်လို့ ဆိုပါတယ်။ အနယ်နယ် အရပ်ရပ်က တိုက်ပွဲတိုင်းလိုလိုမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီကို ဘေဂျင်းကနေ လက်နက် အသစ်တွေ…

အာဏာရှင်တွေကြောင့် ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေရတယ်လို့ သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန် ဒီစီ၊ ဇူလိုင် ၁၀ နေတိုးအဖွဲ့ ခေါင်းဆောင်တွေကို ဝါရှင်တန် ဒီစီကနေ ကြိုဆိုနေတဲ့အချိန်အတွင်းမှာပဲ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က အာဏာရှင်တွေဟာ ကမ္ဘာကြီးရဲ့ စီစဉ်တကျရှိမှုကို ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပြီး ရုရှားကို အနိုင်ယူရေး ယူကရိန်းအား ဆက်လက် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ နေတိုးအဖွဲ့ဟာ မျိုးဆက်တစ်ခု အတွင်း အကြီးမားဆုံး စိန်ခေါ်မှုနဲ့…

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ပါဝင်ကူညီပေးဖို့ တရုတ်ကို ဘင်္ဂလားဒေ့ချ် တောင်းဆို

ဘေဂျင်း၊ ဇူလိုင် ၁၀ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်နိုင်ရေး ပါဝင်ကူညီပေးဖို့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက တရုတ်ကို ဇူလိုင် ၁၀ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ တရုတ်ခရီးစဉ် ဒုတိယမြောက်နေ့မှာ ဝန်ကြီးချုပ် ဟာဆီနာက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ကူညီပေးပါလို့ ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ…

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေး ဖျောင်းဖျ နားချပေးဖို့ ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆိုခဲ့

ပေကျင်း၊ ဇူလိုင် ၁၀ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို တရားဝင်ခရီးစဉ် တစ်ရပ်အနေနဲ့ သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ လက်ရှိ နံပါတ် ၁ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်ရေးအတွက် ဖျောင်းဖျ နားချပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို ပြောဆိုခဲ့တယ်လို့ စင်ကာပူ အခြေစိုက်…

ယူကရိန်း ကလေးဆေးရုံကို ရုရှားတိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံး

ကိဗ်၊ ဇူလိုင် ၉ ယူကရိန်းနိုင်ငံတဝန်းက မြို့တွေအပါအဝင် ကိဗ်မြို့ရှိ ကလေးဆေးရုံ တစ်ခုကို ဇူလိုင် ၈ ရက်မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုဟာ အရပ်သားတွေကို မဆင်မခြင် တိုက်ခိုက်မှု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြစ်တင် ရှုတ်ချပြီး လက်တုံ့ပြန်မယ်လို့…

လေဘာပါတီအစိုးရက ဗြိတိန်မှာ ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကို ခိုလှုံခွင့်ပေးမယ်

လန်ဒန်၊ ဇူလိုင် ၉ ရွေးကောက်ပွဲအနိုင်ရ လေဘာပါတီက ဝန်ကြီးချုပ်ဟောင်း ရစ်ရှီ ဆွန်နက်ရဲ့ ရဝမ်ဒါ အစီအစဉ်ကို ပယ်ဖျက်ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ တစ်သိန်းကို ခိုလှုံခွင့် လျှောက်ထားခွင့် ပြုသွားမယ်လို့ လက်ရှိ ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ ရဝမ်ဒါနိုင်ငံကို ပို့ဆောင်ဖို့ သတ်မှတ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၉၀၀၀၀…

ဂျပန်နဲ့ဖိလစ်ပိုင် ကာကွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး

မနီလာ၊ ဇူလိုင် ၈ ဂျပန်နဲ့ဖိလစ်ပိုင်တို့ကြား ဇူလိုင် ၈ ရက်မှာ အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်တာကြောင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရေးအတွက် ဂျပန်တပ်တွေကို ဖိလစ်ပိုင်မှာ ချထားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ သိမ်းပိုက်တာ ခံခဲ့ရဖူးတဲ့ ဖိလစ်ပိုင်ဟာ လက်ရှိမှာ တရုတ်ရဲ့ ချယ်လှယ်မှု ပိုများလာနေတဲ့…

ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ပြင်သစ်ဝန်ကြီးချုပ် နုတ်ထွက်မယ်လို့ ကြေညာ

ပါရီ၊ ဇူလိုင် ၈ ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့ အပြီးသတ်ရလဒ်တွေမှာ လွှတ်တော်အမတ်နေရာ အများစုကို လက်ဝဲယိမ်း ညွှန့်ပေါင်းအဖွဲ့ အနိုင်ရပြီးနောက် ဝန်ကြီးချုပ် ဂါဘရီရယ် အတ်တဲလ်က ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာလိုက်ပါတယ်။ လက်ယာယိမ်း National Rally ပါတီ အနိုင်ရရှိခဲ့တဲ့ ပထမအကျော့ထက် မဲပေးသူ ပိုများခဲ့တဲ့ ဒုတိယအကျော့မှာ ဝန်ကြီးချုပ်နဲ့ သမ္မတ မက်ကရွမ်ရဲ့ ဗဟိုဝါဒီ…

ထိုင်း-လာအို ရထားဝန်ဆောင်မှု ဇူလိုင် ၁၉ ရက်နေ့ စတင်မယ်

ဘန်ကောက်၊ ဇူလိုင် ၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ လာအိုနိုင်ငံ ဗီယက်ကျန်းမြို့တို့ကို ဆက်သွယ်ထားတဲ့ နိုင်ငံတကာ ရထားဝန်ဆောင်မှု အသစ် တစ်ခုကို ဇူလိုင် ၁၉ ရက်မှာ စတင်မှာဖြစ်ကြောင်း ထိုင်းအစိုးရ ရထားဌာနက ဇူလိုင် ၃ ရက်မှာ ကြေညာပါတယ်။ ထိုင်းအစိုးရရဲ့ ရထားဌာနက ဒီဝန်ဆောင်မှု အသစ်အတွက် ဘန်ကောက်-နောင်ခိုင်လမ်းကြောင်းကို တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီရထားလမ်းပိုင်းပေါ်က…

အီရန် သမ္မတသစ်အဖြစ် ပြုပြင်ပြောင်းလဲရေးသမား မာဆောက် ပီဇက်ခီယန် ရွေးကောက်ခံရ

တီဟီရန်၊ ဇူလိုင် ၆ ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်တဲ့ မာဆောက် ပီဇက်ခီယန်ဟာ သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ် ပြိုင်ဖက် ဆာအစ် ဂျာလီလီကို အနိုင်ရရှိပြီး အီရန်နိုင်ငံရဲ့ သမ္မတသစ် အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ဒေါက်တာ ပီဇက်ခီယန်ဟာ မဲပေါင်း သန်း ၃၀ ကျော် ရေတွက်ပြီးနောက် ၅၃ ဒဿမ ၃ ရာခိုင်နှုန်း အနိုင်ရရှိကြောင်း ဖော်ပြနေတာကြောင့် ရွေးကောက်ပွဲမှာ…