နိုင်ငံတကာ

ရွေးကောက်ပွဲ မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဦးစားပေးရမယ်လို့ စစ်ကောင်စီကို အာဆီယံ တိုက်တွန်း

လန်ကာဝီ၊ ဇန်ဝါရီ ၂၀ စစ်ကောင်စီအနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ချက်ချင်း ဆောင်ရွက်သင့်ပြီး ရွေးကောက်ပွဲက ဦးစားပေးရမယ့် ကိစ္စ မဟုတ်ဘူးလို့ အာဆီယံနိုင်ငံတွေက ဇန်ဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ စစ်ခင်းနေတဲ့ အဖွဲ့တွေ အားလုံး တိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှု…

ထရန့် ကတိပေးပြီးနောက် အမေရိကန်မှာ TikTok ဝန်ဆောင်မှု ပြန်လည် ရရှိ

ဝါရှင်တန်၊ ဇန်ဝါရီ ၂၀ ဇန်နဝါရီ ၂၀ ရက် သမ္မတရာထူး လက်ခံချိန်မှာ TikTok အက်ပလီကေးရှင်း ပြန်လည် သုံးစွဲခွင့်ပြုရေး အထူးအမိန့် တစ်ရပ် ထုတ်ပြန်သွားမယ်လို့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ပြောကြားလိုက် ပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ ကျော် ပြန်လည် အသုံးပြုခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်…

ထရန့်ရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် ငွေကြေးဖောင်းပွနိုင်တယ်လို့ IMF အကြီးအကဲ သတိပေး

ဝါရှင်တန် ဇန်နဝါရီ ၁၈ မကြာခင် အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မယ့် ဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးအစီအစဉ်တွေကြောင့် နိုင်ငံတွင်းမှာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ စီးပွားရေးပညာရှင် ပီယာ အိုလီဗာ ဂေါ်ရင်ချက်စ်က ပြောကြားလိုက်ပါတယ်။ အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ဖို့ဆိုတဲ့ ထရန့်ရဲ့ အဆိုပြုချက်တွေက စီးပွားရေးအတွက် ထောက်ပံ့ပေးမှုတွေကို ကန့်သတ်မှုတွေ…

ရုရှားအတိုက်အခံခေါင်းဆောင်ရဲ့ ရှေ့နေတွေ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရ

မော်စကို၊ ဇန်နဝါရီ ၁၈ သေဆုံးသွားပြီဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်နီထောင်ချခံထားချိန်မှာ သူ့ဆီက သတင်းစကားတွေကို ပြင်ပကမ္ဘာဆီ ပို့ဆောင်ပေးခဲ့တဲ့အတွက် ရှေ့နေသုံးဦးကို ရုရှားက ဇန်နဝါရီ ၁၇ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွင်း ဆန့်ကျင်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းနေချိန် ထွက်ပေါ်လာတဲ့ အဲဒီ လုပ်ရပ်ကြောင့် လူ့အခွင့်အရေး အဖွဲ့တွေ ထိတ်လန့်သွားခဲ့ကြရပါတယ်။…

ကြီးမားတဲ့ ငလျင်လှုပ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဂျပန်ပညာရှင်အဖွဲ့ ပြော

တိုကျို၊ ဇန်ဝါရီ ၁၇ လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်နိုင်ခြေ သိသိသာသာ ပိုများလာပြီး ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အစိုးရပညာရှင်အဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီလို မြေငလျင်မျိုး လှုပ်ခတ်လာရင် ရစ်ချ်တာစကေး ၈ ကနေ ၉…

အွန်လိုင်းလိမ်လည်မှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ဖို့ အာဆီယံကို တရုတ် တိုက်တွန်း

ဘေဂျင်း၊ ဇန်နဝါရီ ၁၇ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းနဲ့ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအတွက် အားကောင်းတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့၊ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ထမ်းကြဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အွန်လိုင်းလောင်းကစားမှုနဲ့ ဆက်သွယ်ရေး လိမ်လည်မှု ဖြစ်ရပ်…

အာဆီယံကို မသိတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး အမည်စာရင်း တင်သွင်းမှု ဝေဖန်ခံနေရ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ အာဆီယံအကြောင်း ဘာမှ နားမလည်တဲ့ ပိဟတ်ခ်ဆက်ချ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က အမည်စာရင်း တင်သွင်းမှုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဝါရှင်တန်မှာ လက်နက်ကိုင်ဌာနများကော်မတီ ရှေ့မှောက် အမည်စာရင်း တင်သွင်းမှု အတည်ပြုချိန် အထက်လွှတ်တော်အမတ် တမ်မီ ဒက်ဝက်သ်က အာဆီယံအဖွဲ့အတွင်း ဘယ်နိုင်ငံက အမေရိကန်နဲ့ သဘောတူညီမှု ရယူထားပြီး…

အစ္စရေးနဲ့ ဟားမာ့စ် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရပြီ

ဒိုဟာ ဝါရှင်တန် ဇန်နဝါရီ ၁၆ အချိန် ၁၅ လကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ အပစ်ခတ် ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး အစ္စရေးနဲ့ ဟားမာ့စ်အဖွဲ့တို့ကြား သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာနဲ့ အမေရိကန်တို့က ပြောကြားလိုက်ပါတယ်။ အစ္စရေး အစိုးရဝန်ကြီးများအဖွဲ့က အတည်ပြုထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲမှုဟာ ဇန်နဝါရီ ၁၉…

မြောက်ကိုရီးယား အသေခံ စစ်သားတွေကြောင့် ယူကရိန်း စိန်ခေါ်မှု အသစ်နဲ့ ရင်ဆိုင်နေရ

ဆိုးလ်၊ ဇန်နဝါရီ ၁၅ ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ဒေသမှာ အခုသီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြောက်ကိုရီးယားစစ်သား တချို့ဟာ ဒဏ်ရာရထားပေမယ့် လက်နက် မချဘဲ အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူကရိန်း စစ်တပ်အနေနဲ့ စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီ တိုက်ပွဲအတွင်း ရုရှားဖက်က ကူတိုက်ပေးနေတဲ့ မြောက်ကိုရီးယား စစ်သား အလောင်း တစ်ဒါဇင်ကျော်ကို တွေ့ရှိခဲ့ပြီး ယူကရိန်း…

ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံစာရင်းကနေ အမေရိကန် ဖယ်ရှားပေး

ဝါရှင်တန် ဇန်နဝါရီ ၁၅ အကျဉ်းသားများ လွတ်မြောက်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်မှု အားပေးကူညီတဲ့ နိုင်ငံစာရင်းကနေ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဖယ်ရှားပေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဲဒီလို ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အချိန်တိုအတွင်းမှာပဲ ကျူးဘားက ရာဇဝတ်မှု အမျိုးမျိုးအတွက် ဖမ်းဆီးထားတဲ့ အကျဉ်းသား ၅၅၃…