မှုခင်း

ပေါင်မြို့ပေါ်ရပ်ကွက်က နေအိမ် ငွေသား(၁၈၅)သိန်းခန့်နှင့် ရွှေ(၈)ကျပ်သားခန့် ဖောက်ထွင်းခံရ

ပေါင်၊ ဩဂုတ် ၂ သထုံခရိုင်၊ ပေါင်မြို့ မိုးနိုင်းရပ်ကွက် မြိုင်သုခလမ်းက နေအိမ်တစ်လုံးမှာ ဩဂုတ်လ (၁) ရက် ညပိုင်းမှာ ငွေသားသိန်း ၁၈၅ ကျပ်ခန့်နဲ့ ရွှေ(၈) ကျပ်သား ခန့်‌ ဖောက်ထွင်းခံခဲ့ရတယ်လို့ မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ညနက်ပိုင်းမှာ မြိုင်သုခလမ်းနေ ဒေါ်တင်မိုးမိသားစုဟာ နေအိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် နေအိမ်‌နောက်ဖေးဘက် သွပ်မိုးထားသောနေရာမှ…

နိုင်ငံသားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်ခဲ့သူ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆို

မော်လမြိုင်၊ မေ ၃၀ နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံထားရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ နိုင်သားစိစစ်ရေးကဒ်အား လိမ်လည်အတုပြုကိုင်ဆောင်ခြင်း၊ ဖခင်အမည်နှင့် လူမျိုးတို့အား ဖုံးကွယ်လိမ်လည်၍ နိုင်သားစိစစ်ရေးကဒ် ပြုလုပ်ခဲ့သူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးအပေါ် ဥပဒေအရအရေးယူပေးရန်…

မော်လမြိုင်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မှတ်ပုံတင်နှစ်ခုကိုင်ဆောင်မှုဖြင့် အမှုဖွင့်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ခဲ့ခြင်း ကြောင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့် မော်လမြိုင်မြို့နယ်(လဝက)ဦးစီးမှူး ဦးအေးမင်းက အမှုဖွင့်ထားကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးကို (ပ) ၈၁ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ – ၄၆၈ / ၄၂၀…

ကျိူက်မရောမြို့နယ်တွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

ကျိူက်မရော၊ နိုဝင်ဘာ ၁၇ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု အပေါ်ရွာဘေးမဲ့တောရကျောင်းအနီး ရာဘာခြံတွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျိုက်မရော ရဲစခန်းထံမှ သိရသည်။<!--more--> အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်ခံရသူ မ-------- ၏ မိခင်ဖြစ်သူမှ နိုဝင်ဘာလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်မရောရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။ ဖြစ်စဉ်မှာ ကလိုင်းကနိုင်ရွာ ဘေးမဲ့တောရကျောင်းအနီး ဦးဖိုးသောင်းပိုင်ဆိုင်သော ရာဘာခြံ တွင်…

ကျိုက်ခမီမြို့တွင် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

ကျိုက်ခမီ၊ နိုဝင်ဘာ ၁၆ ကျိုက်ခမီမြို့တွင် သတင်းအရ မြို့နယ်သစ်တောနှင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးမှူး ဦးလှမြင့်ဦးနှင့်သစ်တောဝန်ထမ်းများ ကျိုက္ခမီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ(၁၁)ရက်နေ့ က ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် ဝက်သိုးရပ်၊ ဝိဇယလမ်းတွင် စုပုံထားသည့် သစ်များကို သွားရောက် စစ်ဆေးခဲ့ရာ…

မုတ္တမအပိုင်ရဲစခန်းနယ်မြေအတွင်း တစ်ရက်ခြားယာဉ်တိုက်မှုဖြစ်ပြီး လူငါးဦးသေဆုံး

ပေါင်၊ နိုဝင်ဘာ ၁၅ ပေါင်မြို့နယ်၊ မုတ္တမအပိုင်ရဲစခန်းနယ်မြေအတွင်း တစ်ရက်ခြားစီယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်တိုင်ကိုတိုက်မိသောကား မီးလောင်ကာ ယာဉ်ပေါ်ပါနှစ်ဦးသေဆုံး

ပေါင်၊ နိုဝင်ဘာ ၁၃ ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီး မိုင်တိုင် ၃/၁၇၈ တွင် မော်တော်ယာဉ်တစ်စီး ဓါတ်တိုင်ကိုတိုက်မိပြီး မီးလောင်ကျွမ်းခဲ့ကာ ယာဉ်ပေါ်ပါသူနှစ်ဦး မီးလောင်သေဆုံးခဲ့သည်။

လူသတ်မှုဖြင့်အရေးယူခံထားရသည့် ရဲ ၇ယောက်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အမိန့်ချမည်

သထုံမြို့နယ် ချမ်းမြေ့တည်းခိုခန်းမန် နေဂျာ ကိုကျော်သက်အောင် အား အမှုတစ်ခုဖြင့်ဖမ်းဆီးထားစဉ် သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲအုပ်လှိုင်ဝင်းထွန်းပါ ရဲတပ်ဖွဲ့ ဝင် ၇ ယောက်က သထုံမြို့မရဲစခန်းအချုပိ ခန်းမှထုတ်ယူပြီး စစ်ဆေးစဉ် ကိုကျော်သက်အောင်၏ နံရိုး ၃ချောင်းကျိုးပြီးအသည်း စုတ်ပြတ်ဒဏ်

အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့နယ်၊ ဝဲသွန်ချောင်ကျေးရွာတွင် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖခင်ဖြစ်သူစည်းရုံးမှုဖြင့် လူငယ်တစ်ဦး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှုခံယူ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦး ဖခင်၏စည်းရုံးမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။<!--more--> အဆိုပါဆေးဖြတ်လိုသူလူငယ်မှာ သံဖြူဇရပ်မြို့နယ် ပဒံငံလေးကျေးရွာမှဖြစ်ပြီး ထိုင်းတွင် ငါးနှစ်ခန့် သွားရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ကာ မူးယစ်ဆေးဝါးစွဲလာသောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ် ချင်ရင် မဖမ်းဆီးပဲ သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပြီးဆေးဖြတ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသော်မှ ပြောသည်။ “ကျွန်တော်တို့အဖွဲ့က ပြုစုကုသရေးအပိုင်းကို ဦးတည်သွားမှာဖြစ်ပါတယ်။ ဆေးဖြတ်သူတွေက…