စီးပွားရေး

ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာ

ရောမ – မေ(၆) ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း မတ်လမှာ ကုလသမဂ္ဂစားနပ်ရိက္ခာ အေဂျင်စီ ရဲ့ ကမ္ဘာ့စျေးနှုန်းဆိုင်ရာညွှန်းကိန်းဟာ (၂၀) ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်နေဆဲဖြစ်နေပြီး ဧပြီလမှာ ပထမဆုံးအကြိမ် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုအများဆုံး စားသောက်ကုန်တွေကို ခြေရာခံတဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့(FA) ရဲ့ စျေးနှုန်းညွှန်းကိန်းဟာ ပြီးခဲ့တဲ့လက ပျမ်းမျှ ၁၂၇.၂ မှတ်ရှိပြီး မတ်လအတွက်…

အာဂျင်တီးနားက တရုတ်သွင်းကုန်တွေအတွက် ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေမယ်

ဗျူနိုအေးရိစ်၊ ဧပြီ(၂၉) အာဂျင်တီးနားအစိုးရက နိုင်ငံရဲ့ ဒေါ်လာအရန်ငွေတွေ လျော့နည်းလာမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး တရုတ် သွင်းကုန်တွေအတွက် ဒေါ်လာထက် ယွမ်ငွေဖြင့် စတင်ပေးချေတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဧပြီလအတွက် ဒေါ်လာ ၁ ဘီလီယံခန့် တရုတ်သွင်းကုန်တွေကို ဒေါ်လာအစား ယွမ်ငွေဖြင့်သာ ပေးချေဖို့ ရည်မှန်းထားပြီးနောက် လစဉ်သွင်းကုန် ဒေါ်လာ သန်း(၇၉၀)ခန့်ကို ယွမ်ငွေနဲ့သာ ပေးချေသွားမယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။…

ဗြိတိန်မှာ အွန်လိုင်းလောင်းကစားစည်းမျဉ်းတွေကို တင်းကျပ်တော့မယ်

လန်ဒန် – ဧပြီ(၂၈) ဗြိတိန်အစိုးရဟာ အွန်လိုင်းလောင်းကစားပြုလုပ်မှုတွေ မြင့်တက်လာတကြောင့် လောင်းကစား မှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်တဲ့ စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစည်းမျဉ်းတွေမှာ အသက်(၂၅) နှစ်အောက်တွေအတွက် Spin လှည့်တဲ့ အွန်လိုင်းကစားနည်း ကို (၂) ပေါင်ထပ်ကိုပြီး မပြုလုပ်ဖို့ တားမြစ်ထားတာအပြင် လောင်းကစားကုမ္ပဏီတွေအနေနဲ့ လောင်းကစားပြုလုပ်သူတွေရဲ့ ငွေကြေးတက်နိုင်မှုကို ပိုမိုကောင်းမွန်စွာ စိစစ်ဖို့ တွန်းအားပေးတာ တွေပါဝင်တယ်လို့…

ထိုင်ဝမ်ကို ပို့လိုက်တဲ့ မလေးရှားထုတ် ခေါက်ဆွဲခြောက်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်း တွေပါဝင်

ကွာလာလမ်ပူ – ဧပြီ(၂၇) မလေးရှားနိုင်ငံ ပီနန်မြို့က ခေါက်ဆွဲခြောက်ထုတ်လုပ်ရေး လုပ်ငန်းကနေထုတ်လုပ်တဲ့ ပစ္စည်း တွေမှာ ရောဂါ ဖြစ်ပွားစေနိုင်တဲ့ အရာဝတ္တုတွေပါဝင်တဲ့အတွက် ထုတ်ကုန်တွေကို ပြန်လည် စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။ “Ah Lai White Curry Noodles” ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ရှိ ကျန်းမာရေးဦးစီးဌာန ရဲ့ တောင်းဆိုချက်တွေအရ ကင်ဆာဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာရှိမရှိကို…

နီပေါအစိုးရက ဒီနှစ်အတွက် ဧဝရက်တောင်တက်ခွင့် (၄၅၀) ကျော်ခွင့်ပြု

ခတ္တမန္ဒု – ဧပြီ(၂၆) ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ပေါ်ကို တက်ရောက်လိုသူတွေအတွက် နီပေါအစိုးရ က ဒီနှစ် နွေဦးမှာ တောင်တက်ခွင့် (၄၅၄) ဦးအထိ ခွင့်ပြုမိန့်ပေးသွားဖို့ နီပေါအစိုးရက စီစဉ် ထား တယ်လို့ သိရပါတယ်။ နီပေါ ခရီးသွားလုပ်ငန်းဦးစီးဌာနက ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးဌာနက အမြင့်ဆုံးခွင့်ပြုပေးတဲ့ ကိန်းဂဏန်းဖြစ်ပြီး ပိုများလာနိုင်တယ်လို့ AFP ကို…

ဥရောပနဲ့ တရုတ်ပူးပါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိဘူးလို့ တရုတ်အထူးသံတမန်ပြောကြား

ဘေဂျင်း၊ ဧပြီ(၂၅) တရုတ်ရဲ့ ဥရောပအပါအဝင် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ရုရှားနိုင်ငံလိုပဲ အကန့်အသတ်မရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း အဆုံးမရှိပါဘူးလို့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က ဧပြီ (၂၄) မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှား- ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တရုတ်အနေနှင့် ကြားနေမှုကို အာမခံချက်ပေးကြောင်း ထည့် သွင်းပြောကြားခဲ့တာပါ။ ဒါပေမယ့်လည်း ယူကရိန်းအပါအဝင် အရင်ဆိုဗီယက်ယူနီယံနိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံအပေါ်မေးခွန်းထုတ်ခဲ့တဲ့…

ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဖိလစ်ပိုင်မှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုး ထုတ်ပြန်

မနီလာ – ဧပြီ(၂၅) ဖိလစ်ပိုင်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာပြီးနောက် မနီလာမြို့တော်အနှံ့က မီးရထား ဘူတာတွေတွေမှာ Mask တပ်ဆင်ရေးအမိန့်တွေ သက်တမ်းတိုးထုတ်ပြန်လိုက်ပါတယ်။ ခရီးသည်တွေအနေနဲ့ ပင်မ MRT လိုင်း၊မီးရထားလိုင်းနှစ်လိုင်းနဲ့ လူပေါင်း(၁၄) သန်းနေထိုင်ရာ မြို့ကြီး(၁၆) မြို့ဖြစ်တဲ့ မနီလာမြို့ကို ဖြတ်ကျော်သွားတဲ့ အဓိကရထားလိုင်းကို အသုံးပြုချိန်မှာ Mask ဆက်လက်ဝတ်ဆင်ရမှာဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်တာကို အများသူငှာနေရာတွေမှာ ၂၀၂၂ ခုနှစ်…

နိုင်ငံခြားသားတွေရဲ့ ပြည်ဝင်ကြေးကောက်ခံမှုကို ထိုင်းအစိုးရ ဆိုင်းငံ့မယ်

ဘန်ကောက် – ဧပြီ(၂၂) ထိုင်းအစိုးရရဲ့ အခွန်စည်းကျပ်မှုကို အကောင်အထည်ဖော်ရာမှာ အခက်အခဲပြဿနာတွေ ကြုံ တွေ့နေရတဲ့အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအပေါ ပြည်ဝင်ကြေး (၁၂) ဒေါ်လာ ကောက်ခံမှုကို ဇွန်လကနေ စက်တင်ဘာလအထိ ဆိုင်းငံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံအတွင်းဝင်ရောက်ချိန်မှာ ဘတ် ငွေ (၃၀၀) ကောက်ခံချိန်မှာ ပြဿနာတွေဖြစ်ပေါ်နေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာမှာဖော် ပြထားပြီးနောက်…

ဂရိကို တင့်ကားဖျက်ဒုံးကျည်တွေ ဒေါ်လာသန်း ၄၀၀ဖိုးရောင်းဖို့ အစ္စရေးသဘောတူ လက်မှတ်ရေးထိုး

အေသင်၊ ဧပြီ(၁၁) နေတိုးအဖွဲ့ဝင်ဖင်လန်ကို လေကြောင်းရန် ကာကွယ်ရေးပေးဆောင်ဖို့ သဘောတူညီချက်ကို ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာဘဲ အစ္စရေးက စပိုက်ခ် (Spike) တင့်ကားဖျက်ဒုံးကျည်တွေကို ဂရိထံ ရောင်းချရဖို့ ဒေါ်လာ သန်း (၄၀၀) ပေးချေမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စပိုက်ခ်ဟာ အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေး ကန်ထရိုက်တာ ရာဖေးလ်မှ…

တက်စလာရဲ့ မီဂါပက့်ခ် ဘတ်ထရီထုတ်စက်ရုံကို ရှန်ဟိုင်းမှာ ဆောက်လုပ်မယ်

ရှန်ဟိုင်း ဧပြီ(၁၁) တက်စလာကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယား အခြေစိုက် မီဂါပက့်ခ် စက်ရုံရဲ့ ထုတ်ပြန်မှုတွေကို ဖြည့်တင်းဖို့အတွက် တစ်နှစ်ကို မီဂါပက့်ခ် စွမ်းအင် တစ်သောင်းထုတ်လုပ်နိုင်တဲ့ စက်ရုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဖွင့်လှစ်နေတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။ အီလွန်မာ့စ်ရဲ့ မော်တော်ကားထုတ်လုပ်တဲ့ တက်စလာကုမ္ပဏီဟာ ရှန်ဟိုင်းစက်ရုံကို တတိယ သုံးလပတ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှု…