စီးပွားရေး

ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာလို့ ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးဖြစ်လာ

ဘန်ကောက်၊ မေ(၂၃) ခရီးသွားလုပ်ငန်းပြန်လည်နာလန်ထူလာတာကြောင့် ထိုင်းနိုင်ငံမှာ သုံးနှစ်အတွင်း အလုပ်လက် မဲ့နှုန်း အနိမ့်ဆုံးသို့ကျဆင်းလာကြောင်း ထိုင်းနိုင်ငံစီမံရေးဌာနက မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အလုပ်လက်မဲ့နှုန်းရာခိုင်နှုန်းကျဆင်းမှုအနေနဲ့ ၁.၁၅ ရာခိုင်နှုန်းမှ ၁.၀၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ အခုနှစ်ရဲ့သုံးလပတ်အတွင်းမှာပဲ မျှော်မှန်းထားတာထက်တိုးတက်လာခဲ့တဲ့ ခရီးသွားကဏ္ဍကြောင့်သာ ဒီလိုအလုပ်လက်မဲ့နှုန်းကျဆင်းခဲ့ရတာ…

အိန္ဒိယမှာ ရူပီးငွေ စက္ကူ(၂၀၀၀) ကို ငွေကြေးလည်ပတ်မှုက ရုပ်သိမ်း

ဒေလီ – မေ(၂၁) အိန္ဒိယမှာ နိုင်ငံတွင်း တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ လည်ပတ်မှုကို စတင်ရုပ်သိမ်းသွားတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဒီအခြေအနေကြောင့် ကြွေးမြီးတွေ မြင့်မားနေချိန် မှာ ဘဏ်အပ်ငွေ တိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိ တီဗီဆိုမာနာတန်က ရူပီး(၂၀၀၀) တန် ငွေစက္ကူတွေ ကို ရုတ်သိမ်းတာဟာ ဒီနှစ်အတွင်း ပြည်နယ်ကြီးလေးခုမှာ…

မြောက်ကိုရီးယားကို ဆံပင်အတုနဲ့ ဓာတ်မြေဩဇာ အများဆုံးတင်ပို့ထားနိုင်တယ်လို့ တရုတ် အကောက်ခွန်ဌာနထုတ်ပြန်

ပေကျင်း – မေ(၂၁) တရုတ်နိုင်ငံဟာ နှစ်စပိုင်းကစပြီး ဧပြီလအထိ မြောက်ကိုရီးယားကို ဆံပင်အတုနဲ့ဓာတ်မြေဩဇာ တွေအဓိကပါဝင်တဲ့ ကုန်စည်တင်ပို့မှုတွေကို အများဆုံး တင်ပို့ထားနိုင်ခဲ့တယ်လို့ အကောက်ခွန် အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို တရုတ်ရဲ့ ပြည်ပပို့ကုန်ဟာ တစ်နှစ်ထက်တစ်နှစ်မှာ (၆၉) ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာ (၁၆၆) မီလျံအထိရှိတယ်လို့ တရုတ်ရဲ့ အကောက်ခွန်ဆိုင်ရာ အထွေထွေစီမံခန့်ခွဲရေးအချက်အခက်တွေမှာ…

အာရှအလယ်ပိုင်း ဖွံ့ဖြိုးရေး တရုတ်ခေါင်းဆောင် အစီအစဉ်အသစ်ကြေညာ

ပေကျင်း – မေ(၂၀) တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ အခြေခံအဆောက်အအုံတည်ဆောက်တာကနေ ကုန်သွယ်မှု မြှင့်တင်တာတွေအထိ အာရှအလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီး အစဉ်အလာအရ ရုရှားဩဇာလွှမ်းမိုးမှုရှိတဲ့ ဒေသတွင်း ခေါင်းဆောင်မှု အခန်း ကဏ္ဍအသစ်ကို ရယူခဲ့ပါတယ်။ အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စ တန်နဲ့ ဥဇဘတ်ကစ္စတန်တို့ကို ခေတ်မီအောင်မြှင့်တင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ တွေညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ…

ဗီယက်နမ်မှာ ၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခွင့် မပေးတော့ဘူးလို့ထုတ်ပြန်

ဟနွိုင်း – မေ(၁၈) ဗီယက်နမ်နိုင်ငံမှာ လာမယ့် ၂၀၃၀ ခုနှစ်နောက်ပိုင်းကစပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံအသစ်တွေကို တည်ဆောက်ခွင့်ပေးမှာမဟုတ်တော့ဘူးလို့ သတင်း ထုတ်ပြန်ထား ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ဟာ ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု အသား တင်အမှတ် သုည အထိရောက်အောင် လျှေချမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျင်းပခဲ့ တဲ့ COP-26…

Cryptoနဲ့ပတ်သက်တဲ့ ဥပဒေကို EUမှ ပထမဦးဆုံးအတည်ပြု

စတော့ဟုမ်း၊ မေ(၁၇) Crypto နဲ့သက်ဆိုင်တဲ့ ဥစ္စာဓနတွေအတွက် ကမ္ဘာ့ပထမဆုံးသော စည်းမျဉ်းစည်းကမ်းတွေကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အင်္ဂါနေ့မှာချမှတ်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်လို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ နိုင်ငံတွေကို ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။ EU ဘဏ္ဍာရေးဝန်ကြီး အစည်းအဝေးက ဧပြီလအတွင်းမှာ အတည်ပြုပေးခဲ့တဲ့ ဥရောပပါလီမန်နဲ့ မတူညီသော စည်းမျဉ်းတွေကိုလည်း အတည်ပြုခဲ့တာပါ။ crypto လဲလှယ်မှုနဲ့ သက်ဆိုင်တဲ့ FTX…

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးပံ့ပိုးပေးမယ့် အစီအစဉ်အသစ်ကို G7 နိုင်ငံတွေအကြား ဆွေးနွေးမယ်

တိုကျို၊ မေ(၁၄) G7 အဖွဲ့ဝင် နိုင်ငံတွေရဲ့ လာမယ့်အပတ်မှာကျင်းပမယ့် ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသို့ ကာကွယ်ဆေး‌ဖြန့်ဝေရေး အစီအစဉ်သစ်တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီ ထားပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံက ရိုမီယူရီ သတင်းစာက ဖော်ပြထားပါတယ်။ G7 အပြင် အိန္ဒိယကဲ့သို့ G20 နိုင်ငံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတ ကာ အဖွဲ့တွေလည်း…

ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေကို တရုတ်အထူးကိုယ်စားလှယ် သွားရောက်မယ်

မော်စကို – မေ(၁၄) ရုရှား၊ယူကရိန်းနဲ့ တခြားဥရောပနိုင်ငံတွေကို လာမယ့် မေလ(၁၅) ရက်နေ့ကစပြီး တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်သွားမှာဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း စစ် ဒဏ်ခံနေရတဲ့ နိုင်ငံကို သွားရောက်မယ့် တရုတ်နိုင်ငံရဲ့ ထိပ်တန်း သံတမန်တစ်ဦး ဖြစ်တယ် လို့ သိရပါတယ်။ တရုတ်ဟာ ယူကရိန်းအရေးကနေ အရှေ့အလယ်ပိုင်းအထိ ကမ္ဘာ့အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ဦးဆောင်အခန်းကဏ္ဍကနေ ကြားဝင်ဖျန်ဖြေသူအဖြစ်…

Netflix ရုပ်သံကို အိန္ဒိယအစိုးရ အခွန်ကောက်တော့မယ်

နယူးဒေလီ – မေ(၁၃) အိန္ဒိယနိုင်ငံအစိုးရက နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေနဲ့ ဝင်ငွေရနေတဲ့ Netflix ကုမ္ပဏီကို အခွန်ကောက်ခံသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အမိန့်စာမူကြမ်းတစ်ခုမှာ အခွန်အာဏာပိုင်တါေက ၂၀၂၁ နဲ့ ၂၀၂၂ အခွန်စည်းကျပ်ကာလမှာ Netflix ဟာအိန္ဒိယရှိ တည်မြဲလုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ (၆.၇၂) မီလျံ ရရှိထားတယ် လို့ ဆိုထားပါတယ်။ အိန္ဒိယအခွန်အရာရှိတွေဟာ နိုင်ငံတွင်း ရုပ်သံထုတ်လွှင့်ရေးဝန်ဆောင်မှုတွေကိုလုပ်ဆောင်ဖို့ အတွက်…

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ရုရှား၊ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်ကို တရုတ်နိုင်ငံက ထပ်မံအတည်ပြု

ဘေဂျင်း၊ မေ(၆) ဘေဂျင်းက အနောက်နိုင်ငံတွေအပါအဝင် အထူးသဖြင့် ဝါရှင်တန်နဲ့ဆက်ဆံရေး တင်းမာနေတာကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ေ ရးအဖွဲ့ (SCO) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းတို့ အိန္ဒိယမှာ တွေ့ဆုံခဲ့ကြ ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်ရဲ့အကြီးဆုံးအိမ်နီးချင်းနှစ်နိုင်ငံနဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့အနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ သူ့ရဲ့ရုရှားနဲ့…