ရွေးကောက်ပွဲများ

ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး အဆို မေးခွန်း လုံးဝ မမေးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၃၀) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်အတွင်း ဘီးလင်းမြို့နယ်က ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမင်းမင်းဦးဟာ အဆို မေးခွန်းတွေ တစ်ခုမှ မတင်သွင်း မမေးမြန်းခဲ့ပါဘူး။ ဦးမင်းမင်းဦးဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်သလို လူမှုရေးကိစ္စတွေကြောင့် ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်စာ တင်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီလို နှုတ်ထွက်စာတင်ပြီးနောက် မွန်ပြည်နယ်လွှတ်တော်ကို…

ပြည်သူ့အကျိုးကို ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးဖို့ လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ (၂၈) ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးကို ထမ်းဆောင်ရာမှာ ဥပဒေဘောင်အထဲက ဆောင်ရွက်ပေးဖို့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက တိုက်တွန်းလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဟာ အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ အခြားတိုင်းနဲ့ပြည်နယ်က လွှတ်တော်တွေထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွှတ်တော်သက်တမ်း(၅)နှစ်အတွင်း ပုံမှန်အစည်းအဝေး…

တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမိုကိုယ်စားပြုပေးဖို့ တောင်းဆို

မော်လမြိုင် ၊ဇန်နဝါရီ (၂၄) တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမို ကိုယ်စားပြုပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေမှာ အမျိုးသမီး (၁၁) ဦးပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၄) ရာခိုင်နှုန်း ရှိခဲ့တာပါ။ ဒီအမျိုးသမီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ မူဝါဒတွေ ၊…

လွှတ်တော်အပေါ် အစိုးရ လေးစားမှု အားနည်းတယ်လို့ ဥက္ကဋ္ဌ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၅) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အပေါ် အစိုးရရဲ့ လေးစားလိုက်နာမှုဟာ အတော်လေး အားနည်းခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းမှာတော့ ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ထိ ကျင်းပခဲ့ပြီး အဆို (၅၁) ခုနဲ့ မေးခွန်း ( ၆၀၉)ခု တင်သွင်းမေးမြန်းခဲ့ပါတယ်။ လွှတ်တော်မှတ်တမ်းတွေအရ…

လွှတ်တော်မိတ်ဆက်ပွဲ NLD အနိုင်ရ ကိုယ်စားလှယ် (၁၂)ဦး မတက်ရောက်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၂) ဒုတိယအကြိမ် လွှတ်တော်နဲ့ တတိယကြိမ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မိတ်ဆက်ပွဲကို NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် (၁၂) ဦး မတက်ရောက်ခဲ့ပါဘူး။ ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ကျင်းပတဲ့ ဒီမိတ်ဆက်ပွဲမှာ ဒုတိယအကြိမ် လွှတ်တော် ငါးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်တာဝန် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေကို ရှင်းပြဖို့…

ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ ဒေါက်တာအောင်နိုင်ဦး တုန့်ပြန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ပေးဖို့ ပြိုင်ဘက်ပါတီ NLD ရဲ့ ကန့်ကွက်လွှာအပေါ် အကောင်းဆုံး ချေပသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက တုန့်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်တင်ပြရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အချက် (၁၅)ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ NLD ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က…

မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ကန့်ကွက်ခံရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၀) ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ (၃)ဆက် အနိုင်ရထားသူ မွန်ညီညွတ်ရေးပါတီ အမတ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တိုင်ကြားခံထားရပါတယ်။ ကော်မရှင်မှာ တိုင်ကြားထားသူကတော့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်…

မွန်ပါတီ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့မှာ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ် (၁၂) ဦး အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ တာဝန်ထမ်းဆောင်ရမယ့် သက်တမ်း ၅…

လွှတ်တော် ကတိကဝတ်တွေအား အစိုးရရဲ့ အကောင်အထည်ဖော်မှု တစ်ဝက်တောင် မရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ကတိဝင် မေးခွန်း အဆိုတွေအပေါ် အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုဟာ (၅၀) ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အဆို (၄၈)ခု တင်သွင်းခဲ့ပြီး (၄၃)ခုကို လွှတ်တော်က အတည်ပြုထားပါတယ်။ တင်သွင်းခဲ့တဲ့အဆိုတွေမှာ…

တတိယအကြိမ် မွန်လွှတ်တော် အစည်းအဝေး ဖေဖော်ဝါရီ ဒုတိယပတ်မှာ စမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ စတင် တက်ရောက်မယ့် တတိယအကြိမ် မွန်ပြည်လွှတ်တော်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ကျင်းပသွားမယ်လို့ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်း ပြည်ထောင်စု အစည်းအဝေးတွေကိုတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကျင်းပသွားမှာ…