၂၀၂၀ ရွေးကောက်ပွဲ

NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ဒေသခံတွေ ကန့်ကွက်

ရေး ၊ ဇူလိုင် ၂၅ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုအပေါ် ရေးမြို့နယ် ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။ ဇူလိုင်လ (၂၃) ရက်နေ့မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာအတွက် ဦးစားပေးစာရင်းမှာ မပါသူကို ရွေးချယ်ထားတာကြောင့် ဒေသခံတွေနဲ့…

မွန်ပြည်နယ် NLD ၂၀၁၅/၂၀၂၀ ကိုယ်စားလှယ်လောင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှိုင်းယှဉ်ဖော်ပြချက်များကို သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုဖော်ပြလိုက်ပါသည်။

မွန်မှာ ဇူလိုင်လ (၂၄)ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတဲ့ ပါတီ မရှိသေး

မော်လမြိုင် ၊ ဇူလိုင် ၂၄ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ (၂၄) ရက်နေ့အထိ လာရောက်တင်သွင်းတဲ့ ပါတီ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ (၂၀) ရက်နေ့မှာ စတင် တင်သွင်းလို့ရပြီး ဩဂုတ်လ (၇)ရက်နေ့မှာ အပြီးသတ်ဆောင်ရွက်ရမှာ…

မွန်ညီညွတ်ရေးပါတီမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ နည်းပါး

မော်လမြိုင် ၊ ဇူလိုင် (၂၄) မွန်ညီညွတ်ရေးပါတီမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ အလွန်နည်းပါးနေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသမီးပါဝင်မှုကို အကန့်အသတ်မရှိ လမ်းဖွင့်ပေးထားတဲ့အပြင် ကိုယ်စားလှယ်လောင်း အရည်အချင်းတန်းတူဖြစ်ရင် အမျိုးသမီးတွေကို ဦးစားပေး ရွေးချယ်ဖို့ မူဝါဒတွေ ချမှတ်ထားပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ် လာရောက်လျှောက်ထားသူ (၉၀) ကျော် ရှိတဲ့အထဲမှာ အမျိုးသမီးက (၁၀)…

မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် နောက်ဆုံးပတ်မှ ထုတ်ပြန်နိုင်မည်

မော်လမြိုင် ၊ ဇူလိုင် ၂၂ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ဝင်ယှဉ်ပြိုင်မယ့် မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ နောက်ဆုံးပတ်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအဆင့်ကနေ ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့ ကနဦး စီစဉ်ထားပေမယ့် အချိန်လုံလောက်မှု မရှိတာကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့…