သူလျှိုဂြိုလ်တုတွေ ဆက်လက်လွှတ်တင်သွားဖို့ရှိတယ်လို့ မြောက်ကိုရီးယား ပြော
ပြုံယမ်း၊ဒီဇင်ဘာ ၁ အမေရိကန်ရဲ့ သံတမန်ရေးကို ဦးတည်စေဖို့ တောင်းဆိုချက်နဲ့ ကုလသမဂ္ဂတားဆီးချက်တွေကို ချိုးဖောက်ကာ သူလျှိုဂြိုလ်တုတွေ ပိုမိုလွှတ်တင်သွားဖို့ရှိနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်က မြောက်ကိုရီးယားရဲ့ ဂြိုလ်တုတွေဟာ အိမ်နီးချင်းတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ဆိုထားတာပါ။ ဒါ့အပြင် ကြိုတင်သတ်မှတ်ချက်တွေမပါဝင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုထားပြီး အချိန်နဲ့…